BEC-TERO TV

သဘောထားချင်း မတိုက်ဆိုင်မှုတွေကို ညှိနှိုင်းပြီး ရှေ့ဆက် သွားမယ့် မိုးယုစံတို့ ချစ်သူနှစ်ဦး

05 Jul 2016     1,597 Views


မွေးနေ့မှာ ချစ်သူဆီက မွေးနေ့ လက်ဆောင်ရ ထားပြီးပြီဖြစ်တဲ့ မိုးယုစံက..”မိုးယုကို မွေးနေ့ လက်ဆောင် အနေနဲ့ “သူ့တစ်ဘဝလုံး ပေးပြီးပြီ” လို့ မိုးယုချစ်သူက မိုးယု ကိုပြောတယ်။ အဲ ဒါက သူ့ရဲ့မွေးနေ့ လက်ဆောင်ပါ။ နှစ် တိုင်း လို လိုတော့ မွေးနေ့ မှာ မိုးယု Fan တွေနဲ့ တွေ့ဖြစ်တယ်။ ပရိသတ်တွေ ဆီက မွေး နေ့ လက်ဆောင် ကြိုရထား တာတော့ မရှိဘူး။ နှစ်တိုင်း ကတော့ မွေးနေ့ရောက်မှ သူတို့ တတ် နိုင်တဲ့ လက်ဆောင်တွေ ယူလာပြီး ပေး ကြတာ က လည်း အမှတ်တရပါပဲ” လို့ ပြောခဲ့ပါ တယ်။

အိမ်ထောင် ကျပြီးလို့ အနုပညာ လှုပ်ရှားမှုတွေ လုပ်တဲ့ အခါမှာလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် လုပ်သွားမှာဖြစ်ပြီး တချို့ ရာ လေးတွေ နဲ့ ပတ်သက်ပြီး တစ် ယောက် နဲ့တစ်ယောက် သဘောထားချင်း မတိုက် ဆိုင်တာတွေ ရှိကြောင်း လည်း မိုးယုစံ ကပြော ပါတယ်။ “မိုးယု ချစ်သူနဲ့ မိုးယု နားလည်မှု ကတော့ ညှိယူ ရတယ်။ တချို့အရာလေးတွေ ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် သဘောထားချင်း မတိုက်ဆိုင် တာတွေ လည်း ရှိပါတယ်။ အဲဒါတွေ ကိုတော့ ညှိယူရမှာပါ။ အိမ်ထောင် ကျပြီးရင်လည်း မိုးယု ဆုံးဖြတ်ချက် နဲ့ပဲ မိုးယု အနုပညာ အလုပ်တွေ လုပ်ဖြစ်မယ်။ သူကတော့ ဘာမှ မပြောပါဘူး။ အခြေ အနေပေါ် မူတည်ပြီးတော့ လုပ်သွားမှာပါ။ တစိုက် မတ် မတ်တော့ လုပ်ဖြစ်မှာ မဟုတ်ဘူး။ တခြား စီးပွားရေးလည်း လုပ်ဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

Credit:popular journal 


05 Jul 2016     1,597 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment