BEC-TERO TV

စုံထောက် တစ်ဦး ဖြစ်လာတော့မယ့် ခင်ဝင့်ဝါ

05 Jul 2016     2,061 Views


နေတိုး၊ ဗီယက်နမ်မင်းသမီး တို့နဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ခင်ဝင့်ဝါလည်း ပါဝင် သရုပ်ဆောင် မှာဖြစ်ပါတယ်။ ဇာတ်လမ်းအရ စုံထောက်တစ်ဦး အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး အခုလော လောဆယ် မှာတော့ ဆွေးနွေး ညှိနှိုင်းကြတဲ့ အခါ ဇာတ်လမ်း အပြောင်းအလဲ အနည်းငယ် ရှိတာကြောင့် အတိအကျကိုတော့ ဒီနှစ်ကုန်ပိုင်းလောက် မှ သိရ မှာဖြစ်ကြောင်း ပြော ပါတယ်။

“ဗီယက်နမ် မင်းသမီး ကလည်း သူရိုက်လို့ရမယ့် ရက်တွေ၊ လုပ်ပေးနိုင် တာတွေလည်း ညှိပေးပါတယ်။ ညီမတို့ ရိုက်ကူးမှုတွေ လည်း အဆင် ပြေ မယ်လို့ ထင်ပါတယ်။ ပရိသတ်တွေ အနေနဲ့ ကိုယ့်မြန်မာ အနုပညာရှင်တွေ နဲ့ တခြားနိုင်ငံက အနုပညာရှင်တွေ နဲ့ပူးပေါင်း ပြီးတော့ ရိုက်ကူးတဲ့ အတွက် အမြင်တစ်မျိုး ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ညီမ အနေနဲ့ ကတော့ ကြော်ငြာ ရိုက်တာတော့ တခြားနိုင်ငံ က မော်ဒယ်တွေ၊ မင်းသားတွေ နဲ့ ရိုက်ဖူးပါတယ်။ ရုပ်ရှင် အနေနဲ့ တခြားနိုင်ငံ နဲ့ ပူးပေါင်းရိုက်ကူးတာ တော့ ဒါပထမဆုံးပါ” လို့  ပြောပါ တယ်။

ဗီဒီယို ဇာတ်ကားတွေနဲ့ ရုပ်ရှင် ဇာတ်ကားတွေ ဆိုလည်း ဆက်လက် ရိုက်ကူး သွား ဖို့ ရှိနေပါတယ်။ လူရွှင် တော်အဖြစ် မကတာ ကြာနေပြီဖြစ်တာကြောင့် လူရွှင်တော် အဖြစ် ပြန်ကကြဖို့အတွက် နန်း သူဇာ၊ နန်းမြတ်ဖြိုးသင်း၊ မေမြင့်မိုရ်တို့နဲ့ တိုင် ပင်နေကြတယ် လို့ သိရပါတယ်။

“လူရွှင်တော် အနေနဲ့ ညီမတို့ ၄ ယောက် ပြန်ကဖို့တော့ ရှိပါတယ်။ ဒါပေမဲ့ အကုန်လုံးက မအားသေးတော့ မကဖြစ် သေးတာပါ။ Meeting လုပ်ပြီးမှ ရက် တွေ သေချာပြန်ပြော လို့ရမှာပါ။ လူရွှင် တော်က မစိမ်းပေမယ့် ဟိုတလောတုန်း က တော့ ကြောက်ကြောက် လန့်လန့် နဲ့ ကကြ တာပေါ့။ ပရိသတ်တွေ ကြိုက်ကြတော့ လည်း ဝမ်းသာပါတယ်။

နောက်လုပ်မယ့် အလုပ် အတွက် ပျော်သွားတာပေါ့။ လူရွှင် တော် လုပ်တာက ညီမကလည်း အပြင်မှာ ပျော်ပျော်ပါးပါး၊ ပေါ့ပေါ့ပါးပါး နေတတ်တာဆို တော့ သိပ်ပြီးတော့ ခက်ခက်ခဲခဲတော့ မရှိပါဘူး” လို့ လဲပြောသွား ပါတယ်။

Credit:popular journal

 


05 Jul 2016     2,061 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment