BEC-TERO TV

လူတွေချစ်တဲ့ သစ်သီးသည်ခွေးလေး

05 Jul 2016     1,334 Views


သစ်သီးရောင်းတာ လူမဟုတ်ဘဲ ခွေးလေးတစ်ကောင်ဖြစ်နေလို့ ဈေးကိုလာကြတဲ့လူတွေက စိတ်ဝင်တစားကြည့်ရှုခြင်းကိုလည်း ခံနေရပါတယ်။ သူကလည်း အမျိုးသမီးတစ်ယောက်လို ဝတ်စားပြင်ဆင်ထားပါသေးတယ်။ ထိုင်ဝမ်က ရှောင်းပီဆိုတဲ့ ၇ နှစ်သား ခွေးလေးဟာ အဝတ်အစားအမျိုးမျိုးဝတ်ဆင်ကာ သစ်သီးဆိုင်မှာထိုင်နေတာကို လူတွေက သဘောကျနေကြပါတယ်။

ရှောင်းပီက ရာသီပေါ်သစ်သီးမျိုးစုံကို ရောင်းနေတာပါ။ တစ်ခါတစ်လေဆိုရင် သစ်သီးတွေကိုပန်းကုံးလိုသီပြီး ခေါင်းပေါ်မှာစွပ်ထားတာ တွေ့ရပါသေးတယ်။ သစ်သီးဆိုင်ပိုင်ရှင် အမျိုးသမီးကြီးက ရှောင်းပီကို ခုလိုဆင်ပေးထားတာပါ။ ခွေးလေးကြောင့်လည်း ဈေးရောင်းကောင်းလာခဲ့တယ်လို့ ဆိုင်ရှင်က ဆိုပါတယ်။ ရှောင်းပီရဲ့အကြောင်းကိုလည်း အွန်လိုင်းပေါ်မှာ ရေးသားထားလို့ ဖတ်ရှုသူတွေလည်းများပြားပြီး ဆိုင်ကိုလာရောက်သူတွေလည်း တိုးပွားလာခဲ့ရပါတယ်။

Credit : mayoneyinponepyinmat


05 Jul 2016     1,334 Views




RELATED

Most Popular of Special or Others

Most Popular of NEWS