ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ခွေးလေးSweepee Rambo
06 Jul 2016 1,603 Views

တရုတ်နိုင်ငံက Chihuahua အမျိုးအစားခွေးလေးဟာ သူရဲ့ အမွှေးအမျှင်မရှိတော့တဲံ ခန္ဓာကိုယ်ကြောင့် ဒိုင်တွေရဲ့သဘောကျမှုကိုခံခဲ့ရပြီး ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးဆုကိုရရှိသွားခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Petaluma မှာကျင်းပခဲ့တဲ့ ဒီပွဲမှာ ခွေး ၁၇ကောင်တိတိ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
မပြည့်စုံမှုတွေရှိတဲ့ ခွေးလေးတွေအတွက်လုပ်ပေးခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ်။ Sweepee Ramboလို့ အမည်ရတဲ့ တရုတ်နိင်ငံကခွေးလေးကတော့ ပြိုင်ပွဲအပြီးမှာ ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးဆုကိုရရှိသွားခဲ့ပါတယ်။
သူဟာ အမလေးလည်းဖြစ်ပါတယ်။ အသက်၁၇နှစ်အရွယ်ရှိပြီး ဆံပင်က Mohawkနဲ့ပါ။ မျက်လုံး၂ဖက်ကလည်း မမြင်ရပါဘူး။
ခွေးလေးရဲ့ပိုင်ရှင်ကတော့ အသက်၄၄နှစ်အရွယ် Jason Wurtzပဲဖြစ်ပါပြီး ဆုကြေးငွေ ပေါင် ၁၀၀၀ ရရှိသွားခဲ့ပါတယ်။
.jpg)
Credit:Shwemom








