အာဖဂန် နစ္စတန်မှာ အမေရိကန် စစ်တပ် ပြန်လည် ရုတ်သိမ်းမှု သမ္မတ အိုဘားမားက အရှိန် လျှော့ချ
07 Jul 2016 2,227 Views

အာဖဂန် နစ္စတန်မှာ နေရာချထားတဲ့ အမေရိကန် စစ်တပ် ပြန်လည် ရုတ်သိမ်း နေတာကို သမ္မတ အိုဘားမားက အရှိန် လျှော့ချ လိုက်ပါတယ်။ နောက်နှစ် ထဲ အထိ တပ်သား ၈ ထောင့် ၄ ရာ ဆက်လက် ထားရှိမယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။ ပထမတုန်းကတော့ လာမယ့် ဇန်နဝါရီမှာ သမ္မတ အိုဘားမား ရဲ့ ရာထူး သက်တမ်း ကုန်ဆုံး အပြီး နောက်ပိုင်း အာဖဂန်နစ္စတန် ထဲ အမေရိကန် တပ်သား ၅ ထောင့် ၅ ရာပဲ ဆက်လက် ထားရှိဖို့ စီစဉ် ထား ခဲ့တာပါ။
အခုတော့ သမ္မတ အိုဘားမားက အာဖဂန်နစ္စတန်ရဲ့ လုံခြုံရေး အခြေအနေဟာ မခိုင်မာ သေးဘူး ဆိုပြီး ပြောလာပါတယ်။ ဆက်လက် ထားရှိမယ် ဆိုတဲ့ အမေရိကန် တပ်တွေဟာ အာဖဂန် တပ်တွေကို စစ်ရေး ဆိုင်ရာ အကြံဉာဏ် ပေးတာတွေ၊ လေ့ကျင့် ပေးတာတွေ ပြုလုပ် ပေးဖို့ ပဲ ဖြစ်ပါတယ်။
Credit : BBC Burmese






