တစ်ယောက်တစ်နေရာရောက်နေတဲ့ အမြွှာညီအစ်မက တစ်နေ့တည်းတစ်ချိန်တည်းမှာ ပြိုင်တူမီးဖွား
07 Jul 2016 1,754 Views

အမေရိကန်သူ အမြွှာညီအစ်မနှစ်ဦးရဲ့ တိုက်ဆိုင်လွန်းပုံကတော့ အံ့သြစရာကောင်းလွန်းပါတယ်။ ဆာရာ မရုဇ်နဲ့ လိခ် ရော်ဂျာတို့ဟာ လူ့လောကထဲကို အမြွှာအဖြစ်နဲ့ ဝင်ရောက်လာကြပြီး အစစအရာရာကို တစ်ပုံစံတည်းပဲ မျှဝေသုံးစွဲခဲ့ကြပါတယ်။ အဝတ်အစားနဲ့ အရုပ်တွေကအစ ဆင်တူလေးတွေပဲ သုံးခဲ့ကြပေမယ့် ခုလောက်ထိတိုက်ဆိုင်လိမ့်မယ်လို့တော့ မထင်ခဲ့ကြပါဘူး။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်မဟာ အိမ်ထောင်ပြုပြီး ပထမဦးဆုံး ရင်သွေးကို ကိုယ်ဝန်ဆောင်ချိန်ကလည်း တူနေပါတယ်။
မီးဖွားတဲ့အချိန်ကလည်း တိုက်တိုက်ဆိုင်ဆိုင် တစ်နေ့တည်း တစ်ချိန်တည်းမှာ မီးဖွားခဲ့ကြတာပါ။ ဇွန်လ ၃၀ ရက်နေ့က ရော်ဂျာဟာ ကိုလိုရာဒိုက ဆေးရုံမှာ မီးဖွားခဲ့စဉ် ကယ်လီဖိုးနီးယားမှာနေတဲ့ လိခ်ကလည်း သူမရဲ့နေ့စေ့လစေ့ကိုယ်ဝန်ကို ဖွားမြင်ခဲ့ပါတယ်။ ရော်ဂျာကတော့ လိခ်ျထက် တစ်နာရီစောပြီးမွေးခဲ့ပေမယ့် တိုက်ဆိုင်မှုကတော့ အံ့သြစရာပါပဲ။
Credit : mayoneyinponepyinmat/






