BEC-TERO TV

ကြက်မကြီး ဇတ်သိမ်းရှာပြီ

08 Jul 2016     1,247 Views


မွန်သာရုတ် (ကျေးကိုင်) အသက် ၅၆ နှစ်ကို ဘန်ကောက်မြို့  ရချဒါ ဖိစစ် တရားရုံမှာ အမှုပေါင်းများစွာနဲ့  တရားစွဲခံရပြီး အာမခံ မရဘဲ ဘန်ခင် အထူး အကျဉ်းထောင်ကို ပို့ လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ထိုင်းနဲ့  မြန်မာ တိုင်းရင်းသူ မိန်ခလေးငယ်တွေကို ဖျားယောင်းသွေးဆောင်ပြီး အိမ်ဖေါ်အဖြစ်ခိုင်းစေ တာ ၊လူကုန်ကူးနေမှု၊ သူမစီမံရာကို မလိုက်နာဘဲ အိမ်ကနေ ထွက်ပြေးတဲ့သူတွေကို အမှုဆင်တရားစွဲ ထောင်ချမှုအပြင် ၊ အဆိုးဆုံး တရားစွဲခံရတာကတော့ ရာဇသတ်ကြီး ပုဒ်မ ၁၁၂ ဖြစ်ပါတယ်။ထိုင်းဘုရင့်မျိုးနွယ် နံမယ်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးစီးပွာရှာတဲ့ အမှု(ပုဒ်မ ၁၁၂)ကသူမကို အာမခံပေးဖို့  တရာရုံးကငြင်းခဲ့ပါတယ်။

ကြက်မကြီးဟာ ထိုင်းမြန်မာနယ်စပ်က ကျေးရွာတွေကို လယ်ပါတ်တဲ့အခါမှာ ရွာသားတွေယုံကြည်အောင် ဘုရင့်ကိုခစားနေရတဲ့ သူဖြစ်တယ်လို့ လိမ်ပြောခဲ့ပြီး မိန်းခလေးတွေကို ပညာသင်ပေးမယ်လို့  စည်းရုံးပြီးခေါ်ခဲ့တာပါ။သူမကိုမဖမ်းခင် တရက်မှာ ဖိစနုလို့  ခရိုင်က နံမည်ကြီး ၀ပ်ယိုင် ဘုန်းကြီးကျောင်း မှာ သူမ မဟုတ်မမှန်တာ ပြောဆိုခဲ့သော် ချက်ချင်းကျဆုံး အကျိုးပေး ပါစေလို့  ဘုရားရှေ့ မှာသစ္စာဆို ခဲ့ပြီး ညပိုင်းမှာတိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးကျောင်းဝင်ထဲက နှစ်၁၀၀ သက်တမ်းရှိ ညောင်ပင်ကြီး လေပြင်းတွေတိုက်လို့ လဲပြိုသွားခဲ့ပါတယ်။

Credit ; http://www.thithtoolwin.com/


08 Jul 2016     1,247 Views




RELATED

Most Popular of Special or Others

Most Popular of NEWS