BEC-TERO TV

အင်တာနက် သုံးစွဲခြင်းနှင့် တုတ်ကွေးဖြစ်ပွားမှု ဆက်စပ်နေ

11 Jul 2016     1,544 Views


အင်တာနက် လူမှုကွန်ယက်နဲ့ အွန်လိုင်းသုံးစွဲမှု အချိန်များပြားလွန်းသူတွေဟာ တုတ်ကွေးဖြစ်နိုင်ချေပိုများပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကိုလည်း ကစဉ်ကလျား ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် အင်တာနက်သုံးစွဲတာဟာ တုတ်ကွေးဖြစ်ပွားမှုနဲ့ ဆက်စပ်နေကြောင်း သုတေသီတွေက သတိပေးထားပါတယ်။ အင်တာနက်ကို ပုံမှန်ထက် ပိုသုံးစွဲသူတွေဟာ မသုံးစွဲသူတွေထက် အအေးမိပြီး တုတ်ကွေးဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုတယ်လို့ လေ့လာချက်က အကြံပြုထားပါတယ်။ ဒီလေ့လာချက်ကို ဆွမ်ဆီးတက္ကသိုလ်က လူသားနဲ့ ကျန်းမာရေးသိပ္ပံဌာနက လေ့လာ ဖော်ထုတ်ခဲ့တာပါ။

အင်တနာကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းဖြင့် ဆိုးကျိုးက ဒီတစ်ခုတည်း မဟုတ်ပါဘူး။ အွန်လိုင်းမှာ အချိန်များစွာ ကုန်ဆုံးလေ့ရှိသူတွေဟာ အင်တာနက်သုံးစွဲခွင့် မရတဲ့ အခါမျိုးမှာ စိတ်ဖိစီးမှု အလွယ်တကူ ဖြစ်ပေါ်လာစေတယ်လို့ ဆိုပါတယ်။ အရင်က လုပ်ခဲ့တဲ့ လေ့လာချက်တွေမှာလည်း အင်တာနက်ကို အချိန်ကြာမြင့်စွာ သုံးစွဲသူအများစုဟာ အိပ်ချိန်မမှန်ခြင်း၊ အစားဂရုမစိုက်ခြင်း၊ ဆေးလိပ်သောက်တက်ခြင်း၊ လေ့ကျင့်ခန်းမလုပ်နိုင်ခြင်း စတဲ့ဆိုးကျိုးတွေကို ရနိုင်တယ်လို့ ဆိုထားပါတယ်။

Credit : mayoneyinponepyinmat/


11 Jul 2016     1,544 Views




RELATED

Most Popular of Special or Others

Most Popular of NEWS