BEC-TERO TV

၃ မိနစ်အတွင်း ဟမ်ဘာဂါ ၁၂ လုံးစားပြီး ဂရင်းနစ်စံချိန်ဝင်ခဲ့သူ

11 Jul 2016     1,353 Views


အစား စားပြိုင်ပွဲ တွေမှာအနိုင်ရသူတွေ စမ်းသပ်ကြည့်သင့်တဲ့ ကိစ္စတစ်ခုပါ။ Takeru Kobayashi ဆိုတဲ့ ဂျပန် နိုင်ငံသား ကတော့ ဂရင်းနစ်စံချိန်ရရှိဖို့ ဟမ်ဘာဂါ ၁၂ လုံး ကို ၃မိနစ်အတွင်း စားပြနိုင်ခဲ့ပါတယ်။ Takeru Kobayashi ရဲ့ စံချိန်ကတော့ ကမ္ဘာပေါ်မှာအံ့မခန်းပါပဲ။ ဟမ်ဘာဂါ ၁၂ လုံးမှာပါတဲ့ အစာသွပ် တွေ ရဲ့ အလေး ချိန်က ၄အောင်စရှိပြီး ဟမ်ဘာ ဂါပေါင်မုန့် ရဲ့အလေးချိန်ကတော့ ၅၀ ဂရမ် ရှိတာကြောင့် ဘယ်သူမှ ၃ မိနစ် အတွင်းစားနိုင်မှာမဟုတ်ပါဘူး။ Takeru Kobayashi ကတော့ အစွမ်းကုန် ကြိုးစားပြီး ၃မိနစ် အတွင်း ၁၂ လုံး ကုန်အောင်စားနိုင်ခဲ့ပါတယ်။

Takeru Kobayashi က ဂရင်းနစ်စံချိန်ဝင်ဖို့အတွက် ဟမ်ဘာဂါ အပြင် Hot Dogs ၊ Meatballs ၊ Twinkies ၊ Tacos ၊ Pizza ၊ Ice Cream နဲ့ Pasta တို့ကိုပါစားပြပြီး သူရဲ့ပြိုင်ဖက်Lo Show Dei ကို စံချိန်ချိုးနိုင်ခဲ့တာပါ။ ဂျပန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်က ကျင်းပခဲ့တဲ့ Hot Dogs အစားပြိုင်ပွဲမှာလဲ Hot Dogs ၅၉ လုံးစားပြပြီး ပထမဆု ကိုရယူခဲ့ဖူးသူဖြစ်ပါတယ်။ အခုချိန်မှာတော့ Takeru Kobayashi ဟာ အသက် ၃၈ နှစ်ရှိနေပြီဖြစ်ပြီး အစားတွေ တအားစားထားတာတောင် ကိုယ်အလေးချိန် ၁၂၈ ပေါင် နဲ့ အရပ် ၅ ပေ ၈ လက်မရှိပါတယ်။ ဒီလိုအရပ်နဲ့ ဒီလိုကိုယ်အလေးချိန် ဆိုရင်တော့ Takeru Kobayashi မှာအစားစားနည်း လျှိ့ဝှက်ချက်တွေရှိနေတာသေချာ နေပါပြီ။

Ref: Guinness World Records

Credit : mayoneyinponepyinmat/


11 Jul 2016     1,353 Views




RELATED

Most Popular of International News

Most Popular of NEWS