BEC-TERO TV

မြန်မာ ၃ ဦး မလေးရှားနိုင်ငံ၌ အသတ်ခံရ

11 Jul 2016     1,276 Views


မလေရှားနိုင်ငံ ပီနန်ပြည်နယ် ဘူကစ်မာတာဂျမ်မှာ မြန်မာနိုင်ငံသား ၃ ဦး အသတ်ခံခဲ့ရတယ်လို့ မလေးရှား သည်စတား အွန်လိုင်သတင်းတပုဒ်မှာဖော်ပြပါတယ်။ လိုယောင်း နာဂါဆာရီ ၁ ရပ်ကွက် က နေအိမ်တအိမ်မှာ ရက်ရက်စက်စက် အသတ်ခံရထားရတဲ့ မြန်မာ ၃ ဦးကို တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူ ၂ ဦးက နေအိမ်အထဲမှာတွေ့ခဲ့ရတာဖြစ်ပြီး ၁ ဦးကတော့ အိမ်အပြင်မှာတွေ့ရှိခဲ့တာပါ။ မလေးရှား မှုခင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်တဲ့အကြောင်းနဲ့ ဒဏ်ရာရသူတွေကိုတော့ ဆေးရုံကိုပို့ ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တိုက်ခိုက်သတ်ဖြတ်သွားသူတွေဟာ တနင်္လာနေ့ မနက် ၆ နာရီလောက်က အခင်းဖြစ်ပွားရာ နှစ်ထပ်တိုက်တန်း နေအိမ်ကို လာရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါအိမ်ဟာ နာဂါဆာရီစက်မှုဇုံ ဧရိယာမှာ နိုင်ငံခြားသားအလုပ်သမားတွေကို အဆောင် အဖြစ် အသုံးပြုခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ အသတ်ခံရပြီး သေဆုံးသွားသူတွေရဲ့ အမည် အသက်အရွယ်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရ သေးပါဘူး။

Credit : DVB TV News


11 Jul 2016     1,276 Views




RELATED

Most Popular of Special or Others

Most Popular of NEWS