BEC-TERO TV

TV အစီအစဉ်မှာ သရဲဝင်စီး ခံရတဲ့ ထိုင်းမော်ဒယ် ( Video )

12 Jul 2016     1,548 Views


ထိုင်း ရုပ်မြင်သံကြားလိုင်း ThaiCh8 မှ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အင်တာဗျူးအစီအစဉ် တစ်ခုမှာ တက်သစ်စမော်ဒယ် တစ်ယောက်ကို အင်တာဗျူးပြုလုပ်နေရာမှ ရုတ်တရုတ် သရဲ ဝင်ပူးတာကို ရုပ်မြင်သံကြားမှာ မြင်တွေ့ခဲ့ရတာပါ ။ 
 
အင်တာဗျူးပြုလုပ်နေစဉ် အတွင်း မှာ ရုတ်တရက် အပြောအဆို အပြုအမှုတွေ ပြောင်းလဲသွားခဲ့ပြီး စကားပြောသံမှာလည်း အသံဆိုးတွေနဲ့ ပြောဆိုပြီး ဝက် သွေးကို တောင်းဆိုနေတာကို မြင်တွေ့ကြားမြင်နိုင်ပါတယ် ။
 
၎င်း Video နှင့် ပါတ်သက်ပြီး အင်တာနက်ပေါ်မှာ ပျံ့နှံ့ ခဲ့ပြီး အချို့က ဒီမော်ဒယ် ဟာ တမင် သက်သက် သရုပ်ဆောင်ထားတာပါလို့ ပြောဆိုကြပါတယ် ။
 
အချို့ကတော့ ၎င်း မော်ဒယ်ဟာ ထိုင်းနိုင်ငံရဲ့ တရဲတစေပုံပြင်များထဲမှာ မှ ဝင်ရောက်ပူးခံရသော မိန်းမသားများရဲ့ အတွင်းအူကို စားသုံးတတ်တဲ့ တစေ မှ ယခုလို နှောက်ယှက်ခြင်း ဖြစ်ပါတယ်လို့ ပြောကြပါတယ် ။
 
၎င်း တစေ ကို ယခု နှစ်ပိုင်း ထိုင်း သရဲကားများမှာ အဓိက ထားပြီး ရိုက်ကူးနေကြသလို ထူးဆန်းစွာ ရုတ်တရက်သေဆုံး ကြသော အမျိုးသမီးများရဲ့ အမှုများနှင့် လည်း အနည်း အကျဉ်းပါတ်သတ်နေကြောင်းသိရပါတယ် ။
 
Bangkok Coconut သတင်းအရ ၎င်း မော်ဒယ်မှာ လွန်ခဲ့တဲ့ အပန်းဖြေ ခရီးစဉ် သွားတုန်းကတည်းက ပူးကပ်နေတာပါလို့ ပြောပါတယ် ။ 
 

12 Jul 2016     1,548 Views




RELATED

Most Popular of International News

Most Popular of NEWS