BEC-TERO TV

အမေရိကန်၏ ဂရင်းကင်ညွန်နှင့်ပုံစံတူကို ကာဇက်စတန်နိုင်ငံတွင် ရှာဖွေတွေ့ရှိ

12 Jul 2016     1,246 Views


ရုတ်တရက်ကြည့်လိုက်လျှင် ကျောက်တောင်ကြီးများနှင့် တောတောင်ရေမြေ ရှုခင်းသည် အမေရိကန်နိုင်ငံမှ ဂရင်းကင်ညွန်ဟု ထင်မှတ်ဖွယ်ရာရှိသော်လည်း အရီဇိုးနားပြည်နယ်မှ ဂရင်းကင်ညွန်မဟုတ်ဘဲ အာရှထဲ၌ပင် သွားရောက်လည်ပတ်နိုင်သည့် ဂရင်းကင်ညွန်ဖြစ်သည်ဟု သိရသည်။ သာယာလှပသော Sharyn Canyon သည် ကာဇက်စတန်နိုင်ငံအတွင်း တည်ရှိပြီး ၅၆ မိုင်အကျယ်ကို ဖြန့်ကြက်ထားသည်။ အနီရောင် သဲကျောက်တောင်ကြီးများနှင့် ထင်ထင်ရှားရှားမြင်တွေ့ရသော မြစ်ကြီးတစ်စင်းတို့သည် ဂရင်းကင်ညွန်နှင့် ညီအစ်ကိုတော်စပ်သည်ဟုပင် အမည်ပြောင်ပေးခံထားရသည်။

Charyn Canyon ဟုလည်း ခေါ် ဆိုပြီး တရုတ်နယ်စပ်မြို့ Almaty အရှေ့ဘက် မိုင် ၁၂၀ အကွာတွင် တည်ရှိသည်။ အရောင်အသွေးစုံလင်သော ကျောက်တုံးအမျိုးမျိုးကို မြင်တွေ့နိုင်သည့် ရှားရှားပါးပါးပန်းရောင်နှင့် လိမေ်္မ်ာရောင်ကျောက်တုံးများလည်းရှိသည်ဟု ဆိုထားသည်။ ၁၉၆၄ ခုနှစ်တွင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည့် သဘာဝသယံဇာတနယ်မြေအဖြစ် ကြေညာခဲ့ပြီး ယခုအခါ Charyn Natio- nal Park ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကာ ခရီးသွားများ လာရောက်လည်ပတ်နိုင် သည်။

နွေရာသီတွင် Sharyn Canyon ၌ အပူချိန် မြင့်မားတတ်သော်လည်း အနီးအနားတွင် တည်ရှိသည့်မြစ်ကြောင့် ခရီးသွားများသည် ရေကူးခြင်း၊ ငါးဖမ်းခြင်း၊ ကရက်လှေလှော်ခြင်း စသည်ဖြင့် အပူဒဏ်ကို သက်သာအောင် လုပ်ဆောင်နိုင်ကြသည်။ဂရင်းကင် ညွန်ကဲ့သို့ လာရောက်လည်ပတ်သူ များများစားစားမရှိခြင်းကြောင့် လမ်းတစ်လျှောက်တွင် စားသောက်ဆိုင်များကို မြင်တွေ့ရမည် မဟုတ်ဘဲ ကိုယ်ပိုင် အစားအသောက်နှင့်ရေကို သယ်ဆောင်သွားရလေ့ရှိသည်ဟု သိရသည်။ 

Credit : pyimyanmarnews/


12 Jul 2016     1,246 Views




RELATED

Most Popular of Special or Others

Most Popular of NEWS