သက်ရှိဘာဘီရုပ်ရဲ့ ငယ်ဘ၀ဓာတ်ပုံကိုပြသခဲ့
12 Jul 2016 1,617 Views

Valeria Lukyanova လို့အမည်ရတဲ့ ယူကရိန်းနွယ်ဖွား အမျိုးသမီးဟာ သူမရဲ့ ပရိသတ်တောင်းဆိုမှုကြောင့် ငယ်ဘ၀ဓာတ်ပုံတွေကို ထုတ်ပြ ခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေဟာ သူမ (၁၅)နှစ်သမီးအရွယ်က ပုံတွေဖြစ်ပြီး ပရိသတ်ကို အံ့သြမှုတွေကို ဖြစ်စေခဲ့ပါတယ်။

အသက် ၁၅ နှစ်အရွယ်ပုံ
အကြောင်းကတော့ သူမရဲ့ဓာတ်ပုံတွေမှာ သူမဟာ စုန်းမတစ်ကောင်လိုပုံစံနဲ့ မိစ္ဆာမှော်အတတ်ပညာကို လိုက်စားခဲ့တဲ့ ပုံစံ ပေါက်နေလို့ ဖြစ်ပါတယ်။သူမကလည်း ရင်သားခွဲစိပ်ပြုပြင်မှု မလုပ်ခင်က ဒီလို Gothic ဆန်ဆန် နေခဲ့ကြောင်း ၀န်ခံထားပါတယ်။ သူမ ထုတ်ဖော်ပြသခဲ့တဲ့ ပုံထဲမှာ သူမဟာ ၀တ်စုံနက်ကို ၀တ်ဆင်ကာ မီးစက်ကွင်းတစ်ခုထဲမှာ ရပ်နေပြီး လက်ထဲမှာလည်း လက်နက်ကဲ့သို့သော အရာတစ်ခုကို ကိုင်ဆောင်ထားပါတယ်။

ခွဲစိပ်ပြီးပုံ
ယခုအချိန်မှာ အသက် 31 နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ Valeriaက ” ရှင်တို့က ကျွန်မအသက်(၁၅)နှစ်အရွယ်က ဓာတ်ပုံတွေကို ကြည့်ချင်တယ်လို့ ပြောခဲ့တာကို ကျွန်မ ကောင်းကောင်း မှတ်မိပါတယ် … ကျွန်မဟာ အဲဒီအသက်အရွယ် ၀န်းကျင်တုန်းက Gothic တွေလို နေထိုင်ပြုမူခဲ့တာကို မှတ်မိပါသေးတယ် “လို့ ၀န်ခံခဲ့ပါတယ်။


Credit:shwemom







