BEC-TERO TV

တောင်တရုတ်ပင်လယ်ပြင် ပိုင်နက် တရုတ်တောင်းဆိုချက် တရားရုံး ပယ်ချ

12 Jul 2016     1,702 Views


တောင်တရုတ်ပင်လယ်ထဲမှာ သမိုင်းကြောင်းအရ သူတို့ ရေပြင်နယ်နိမိတ် ပိုင်ဆိုင်ခွင့်ရှိနေတယ်ဆိုတဲ့ တရုတ်ရဲ့ တောင်းဆိုချက်တွေကို နိုင်ငံတကာ တရားရုံးက ပယ်ချကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ တရုတ်ရဲ့ တောင်းဆိုချက်ဟာ ဥပဒေကြောင်းအရ အခြေခံလုံးဝမရှိဘူးလို့ သည်ဟိဂ်က နိုင်ငံတကာ အငြင်းပွားမှုတွေကို ဖြေရှင်းရေးတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံတကာတရားရုံးကို အဆုံးအဖြတ်ပေးဖို့ တိုင်ကြားခဲ့တဲ့ ဖိလစ်ပိုင်က ဒီဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး အားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ တရုတ်ရဲ့ အစိုးရသတင်းအေဂျင်စီ ရှင်ဝါကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လုံးဝ အသိအမှတ်မပြုကြောင်း ကြေညာချက်တစ်စောင်ကို ဖော်ပြခဲ့ပါတယ်။ တရားရုံးရဲ့ အဆုံးအဖြတ် ထွက်မလာခင်ကလေးမှာပဲ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒေသအတွင်း သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်သွားမယ်လို့ ပြောခဲ့ပါတယ်။‪

Credit : BBC Burmese


12 Jul 2016     1,702 Views




RELATED

Most Popular of International News

Most Popular of NEWS