မင်းသမီးများနှင့်အိပ်ခွင့်ရမည်ဆိုသဖြင့် ဒေါ်လာသန်းချီသွင်းခဲ့သည့် လုပ်ငန်းရှင်အိပ်ခွင့်မရ၍ ဖူးစာဖက်ကုမ္ပဏီကို တရားစွဲ
12 Jul 2016 1,674 Views

ကမ္ဘာကျော်မင်းသမီးများနှင့် အိပ်ခွင့်ရမည်ဟု ဖူးစာဖက်ကုမ္ပဏီကအခိုင် အမာပြောသဖြင့် ထိုကုမ္ပဏီကို ဒေါ်လာ ၃ ဒသမ ၇ သန်း ပေးသွင်းခဲ့သည့် တရုတ်လုပ်ငန်းရှင် အမျိုးသားသည် မင်းသမီးများနှင့် အိပ်ခွင့်မရသည့်အဆုံးယင်း ကုမ္ပဏီကို တရားစွဲဆိုလိုက်ပြီဖြစ်သည်။ မီဂန်ဖောက်စ်၊ ဗစ်တိုးရီးယားစီးကရက် မော်ဒယ်၊ တရုတ်နာမည်ကျော်မင်းသမီး တို့နှင့် အိပ်ခွင့်ရမည်ဟူသော မျှော်လင့်ချက်ဖြင့် ၎င်းက ထိုမျှများပြားသည့် ငွေ ပမာဏကို ပေးသွင်းခဲ့ခြင်းဖြစ်သည်။
ယခုအခါ မှန်းချက်နှင့်နှမ်းထွက် မကိုက်သည့်အခါတွင်မူ ၎င်းက သြစတြေးလျအခြေစိုက် ဖူးစာဖက်ကုမ္ပဏီကြီး ကို တရားစွဲဆိုလိုက်တော့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် အထက်ပါကုမ္ပဏီကို ငွေပေးခဲ့ခြင်းဖြစ်ပြီး နောက်တစ်လကြာသည်အထိ မည်သည့် နာမည်ကျော်မင်းသမီးနှင့်မျှ ဆုံခွင့်မရသည့်အချိန်တွင်မူ ၎င်းနှင့်ကုမ္ပဏီ နှစ်ဦး နှစ်ဖက်ချုပ်ဆိုထားသည့် သဘောတူညီ ချက်စာချုပ် ပျက်ပြယ်သွားတော့သည်။
Credit : Pyi Myanmar






