BEC-TERO TV

အီတလီ ရထားတိုက်မှု အနည်းဆုံး ၂၃ ဦးသေဆုံး

13 Jul 2016     1,342 Views


အီတလီ နိုင်ငံတောင်ပိုင်းမှာ ရထား ၂ စင်း အရှိန်ပြင်းပြင်း နဲ့ တိုက်မိခဲ့လို့ အနည်းဆုံး လူ ၂၃ ဦး သေဆုံး ခဲ့ပြီး နောက်ထပ် လူ ၅၀ လည်း အပြင်းအထန် ဒဏ်ရာ ရရှိ ခဲ့ကြပါတယ်။ အန်ဒရီယာ မြို့အနီးမှာ ရထား ၂ စင်း က လမ်းကြောင်း တစ်ခု ထဲ ပေါ်မှာ ထိပ်တိုက် ရင်ဆိုင် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒဏ်ရာ ရရှိခဲ့ကြသူတွေထဲက လူတချို့ရဲ့ အခြေနေက စိုးရိမ်ဖွယ် အနေထား ရှိတယ်လို့သိရပါတယ်။ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပြီး ဒဏ်ရာ ရရှိခဲ့ကြတဲ့ လူနာတွေ အတွက် အရေးပေါ် သွေးလိုအပ်နေတယ်လို့ ဒေသဆိုင်ရာ ဆေးရုံတွေကပြေကြားပါတယ်။

Credit : BBC Burmese

 


13 Jul 2016     1,342 Views




RELATED

Most Popular of International News

Most Popular of NEWS