BEC-TERO TV

သမ္မတ ရှီကျင့်ဖျင် တရုတ်စစ်တပ်ကို အသင့်ပြင်ထားရန် အမိန့်ပေး

13 Jul 2016     1,646 Views


နိုင်ငံတကာ တရားရုံးက တောင်တရုတ်ပင်လယ် ပိုင်ဆိုင်ခွင့် တရုတ်ရဲ့တောင်းဆိုချက်ကို ပယ်ချခဲ့ပြီးနောက် သမ္မ ရှီကျင့်ဖျင်က နိုင်ငံပိုင်နက်ကို ကာကွယ်ဖို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) အား အသင့်ပြင်ထားရန် အမိန့်ပေးလိုက်တယ်လို့ အမေရိကန်အခြေစိုက် Boxun ရုပ်သံသတင်းပြောဆိုချက်ကို ကိုးကားပြီး ကိုရီးယား သတင်း Arirang က ဆိုပါတယ်။ နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အသုံးချပြီး အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်နိုင်ငံတွေဟာ တောင်တရုတ် ပင်လယ်မှာ ကျူးကျော်ရန်စမှုတွေ ပြုလုပ်လာနိုင်တဲ့ အတွက်ဖြစ်တယ်လို့လည်း သူက ပြောဆိုတယ်လို့ သိရပါတယ်။

မနေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ အခြေစိုက် နိုင်ငံတကာတရားရုံးက တောင်တရုတ်ပင်လယ်က ကျွန်းတွေနဲ့ ရေပိုင်နက်တွေကို တရုတ်က ပိုင်ဆိုင်တယ်ဆိုတဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်း အရ ပိုင်ဆိုင်ခွင့်မရှိဘူး၊ ဥပဒေကြောင်းနဲ့ လည်း မညီဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ပြစ်တင်ရှုံချလိုက်သလို၊ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူကလည်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို သဘောမတူဘူးလို့ဆိုပါတယ်။ သမ္မတရှီကျင့်ဖျင်က လည်း တရုတ်ရဲ့ ရေကြောင်းဆိုင်ရာ ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားကို ထိခိုက်မှာ မဟုတ်ဘူးလို့ ဆိုတယ်လို့ တုန့်ပြန်ပါတယ်။ တောင်တရုတ်ပင်လယ်အရေးမှာ အမေရိကန်နဲ့ တရုတ် ၂နိုင်ငံလုံးဟာ စစ်ရေးအရ တိုးချဲ့ လှုပ်ရှားမှုတွေ ရှိနေပါတယ်။

Credit : http://burma.irrawaddy.com/


13 Jul 2016     1,646 Views




RELATED

Most Popular of International News

Most Popular of NEWS