အသက် ၈၆ နှစ်မှာ မြစ် ၈၆ ဦးကို ပိုင်ဆိုင်ထားတဲ့ဘွားဘွား
13 Jul 2016 1,777 Views

မာရီဖရေးဆိုသူ အဘွားအိုတစ်ဦးဟာ သူမရဲ့အသက် ၈၆ နှစ်ပြည့်တဲ့နေ့မှာ မြစ် ၈၆ ဦးကို ပိုင်ဆိုင်ထားပြီးပါပြီ။ မြစ်ကလေးကတော့ သူမရဲ့မွေးနေ့မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ဖွားမြင်ခဲ့တာပါ။ ဖရေးရဲ့ခင်ပွန်းဂျရယ်လ်ဟာ ၂၀၀၉ ခုနှစ်မှာ ဆုံးပါးသွားခဲ့ပြီး ထိုအချိန်ကတည်းက သူမမှာ ကလေး ၁၅ ယောက် ရှိနေပါပြီ။ သူမအသက် ၈၆ နှစ်မှာတော့ မြေး ၆၈ ယောက်၊ မြစ် ၈၆ ယောက် ရှိလာခဲ့ပါတယ်။ မကြာခင်ကာလအတွင်းမှာပဲ သူမအတွက် ၈၇ ယောက်နဲ့ ၈၈ ယောက်မြောက် ဖြစ်လာမယ့် မြစ်ကလေးတွေကလည်း ရှိနေကြပြီလို့ သူမကဆိုပါတယ်။

Credit : mayoneyinponepyinmat/








