BEC-TERO TV

သေဆုံးသွားခဲ့တဲ့ ခင်ပွန်းသည်ရဲ့ သုက်ပိုးကိုယူပြီး ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးရယူလိုကြောင်း

13 Jul 2016     1,505 Views


အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ သေဆုံးသွားခဲ့တဲ့ ခင်ပွန်းသည်ဆီက သုက်ပိုးကို ယူပြီး ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးရယူလိုကြောင်း ဆရာဝန်တွေဆီ တင်ပြတောင်းဆိုခဲ့ပေမယ့် သူ့ရဲ့ အစီအစဉ်ကို ဆရာဝန်တွေက ငြင်းပယ်ခဲ့ကြတယ်လို့ စပွန်နစ်သတင်းမှာ ဖော်ပြထားပါတယ်။ All India Institute of Medical Sciences (AIIMS) က ဒေါက်တာ ဆစ်ကာရီနဲ့ မာတီတို့က ကျန်းမာရေးဂျာနယ်တစ်စောင်မှာ ရေးသားဖော်ပြခဲ့ရာ မကြာသေးခင်ကာလတုန်းက သေဆုံးသွားခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်းဟာ ဆေးကျောင်းကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ အမျိုးသမီးတစ်ဦးရောက်ရှိလာကာ အဲဒီ သေဆုံးသူ အမျိုးသားဆီက သုက်ပိုးကို ထုတ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။ အဲဒီအမျိုးသမီးက သူဟာ သေဆုံးသူအမျိုးသားရဲ့ ဇနီးသည်ဖြစ်ပြီး သူတို့မှာ ကလေးမရခဲ့ တာကြောင့် အခုလို သုက်ပိုးထုတ်ယူပြီး ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးရယူလိုတဲ့ အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူအမျိုးသားရဲ့ မိဘတွေကလည်း အမျိုးသမီးရဲ့ အစီအစဉ်ကို ထောက်ခံခဲ့ကြပြီး ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးရယူဖို့ ဆန္ဒရှိကြတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဆရာဝန်တွေဘက်ကတော့ အခုလို ရှားပါးဖြစ်စဉ်မျိုးအတွက် တရားဝင်ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေမရှိတာက တစ်ကြောင်း၊ လူ့ကျင့်ဝတ်သိက္ခာအရ အငြင်းပွားဖွယ် ကိစ္စမျိုးဖြစ်နေတာကတစ်ကြောင်း အစရှိတဲ့ အကြောင်းအချက်တွေ ကို ထောက်ရှုပြီး အမျိုးသမီးရဲ့ အစီအစဉ်ကို ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီလိုဖြစ်စဉ်မျိုးတွေ နောက်ထပ်ပေါ်ပေါက်လာမယ်ဆိုရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုတာကို တိကျတဲ့ သတ်မှတ်ချက်တွေပြဌာန်းပေးဖို့ အတွက် ဆေးဘက်ဆိုင်ရာပညာရှင်တွေက အာဏာပိုင်တွေဆီ တင်ပြထားခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။ Credit : mayoneyinponepyinmat/


13 Jul 2016     1,505 Views




RELATED

Most Popular of International News

Most Popular of NEWS