BEC-TERO TV

အိန္ဒိယ နိုင်ငံမှာ ဂင်္ဂါ မြစ်ရေကို ပုလင်းတွေနဲ့ သွတ်ပြီး နိုင်ငံအနှံ့က မှာယူသူတွေ ရောင်းချဖို့

14 Jul 2016     1,824 Views


အိန္ဒိယ နိုင်ငံမှာ ဂင်္ဂါ မြစ်ရေကို ပုလင်းတွေနဲ့ သွတ်ပြီး နိုင်ငံအနှံ့က မှာယူသူတွေ ဆီကို စာတိုက်က တဆင့် ဖြန့်ချိ ရောင်းချဖို့ အိန္ဒိယ နိုင်ငံပိုင် စာပို့လုပ်ငန်းက စီစဉ်နေပါတယ်။ အဲဒီဂင်္ဂါမြစ်ရေကို အိန္ဒယ နိုင်ငံအနှံ့က စာတိုက်တွေမှာ ၀ယ်ယူနိုင်ကြသလို အွန်လိုင်းကနေ မှာယူသူတွေ အတွက် အိမ်တိုင် ရာရောက် ပို့ဆောင်တဲ့ ၀န်ဆောင်မှုလည်း ရှိတယ်လို့ဆိုပါတယ်။ ဂင်္ဂါမြစ်ဟာ ဟိန္ဒူ ဘာသာဝင်တွေ အတွက် အထွတ်အမြတ် ဖြစ်ပေမယ့် ရေဆိုးတွေ၊ စွန့်ပစ်ရေတွေ၊ အသေကောင်ပုပ်တွေနဲ့ ဆိုးဆိုးရွားရွား ညစ်ညမ်းလာခဲ့ပါတယ်။

အိန္ဒိယ ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီက ဂင်္ဂါမြစ် သန့်ရှင်းရေးအတွက် အကြီးစားဆောင်ရွက်မှုတွေ လုပ်ပေးမယ်လို့ ကတိပြုထားခဲ့ပါတယ်။ဒါပင်မဲ့ အိန္ဒိယ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစောင့်ကြည့်တဲ့ အဖွဲ့ကတော့ ဂင်္ဂါမြစ် သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပြောင်းလဲတာ မရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလထဲမှာပြောခဲ့ပါတယ်။ Credit : http://www.bbc.com/


14 Jul 2016     1,824 Views




RELATED

Most Popular of International News

Most Popular of NEWS