ကုသိုလ်ရစေရန် မြွေအကောင် ၉၀၀ လာလွှတ်လိုက်သည့် အမျိုးသမီးကြောင့် တစ်ရွာလုံး ဒုက္ခရောက်
15 Jul 2016 1,795 Views

အမျိုးသမီးတစ်ဦးက ကုသိုလ်ရစေရန် မြွေအကောင် ၉၀၀ ခန့် လွှတ်လိုက်သဖြင့် တရုတ်ရွာတစ်ရွာလုံး ဒုက္ခရောက်ကုန်ကြကြောင်း သိရသည်။ နန်ကျင်း အရပ် ဒေသမှ ယင်းအမျိုးသမီးသည် စီချွမ်ရှိ ဒူဂျီယန်ယန်အရပ်ဒေသတွင်မြွေ လာလွှတ်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးပိတ် လှောင်ခံထားရသည့် သတ္တ၀ါများကို လွှတ်ပေးသင့်သည်ဟူသော ဗုဒ္ဓဘာသာ အယူဝါဒကြောင့်၎င်းက မြွေများကို လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ထိုလုပ်ရပ်က ကံကောင်းခြင်းများကို ဆောင်ကြဉ်းပေးနိုင်သည်ဟု ဗုဒ္ဓဘာသာ ၀င်များက ယုံကြည်ကြသည်။
သို့သော် ယင်းမြွေများကအနီးရှိ ရွာထဲ အစုလိုက် အပြုံလိုက် ၀င်လာသဖြင့် ရွာသူရွာသားများမှာ ထိတ်လန့်တကြား ဖြစ်ကုန်တော့ သည်။ ရွာသားများသည် ပြီးခဲ့သည့်တစ်ပတ်လုံး အိပ်ရေးပျက်ကုန်ကြတော့ သည်ဟု သတင်းက ဆိုသည်။ ယင်းမျှများပြားသည့် မြွေကြောင့် ထိုအရပ်ဒေသရှိ ဂေဟစနစ်ပျက်စီးသွားလိမ့်မည်ဟု သစ်တော ကျွမ်းကျင်ပညာ ရှင်များက ဆိုသည်။








