BEC-TERO TV

ပြင်သစ်အမျိုးသားနေ့ လူအုပ် ကားဝင်တိုက် လူ ၇၀ ကျော် သေဆုံး

15 Jul 2016     1,638 Views


ပြင်သစ်နိုင်ငံ တောင်ပိုင်း Nice မြို့မှာ ကြာသာပတေးနေ့ ညပိုင်းမှာ ကျင်းပတဲ့ ပြင်သစ်အမျိုးသားနေ့ Bastille Day အထိမ်းအမှတ် အားလပ်ရက် မီးရှုးမီးပန်း ပစ်ဖေါက်ပွဲကို ကြည့်ရှုနေကြတဲ့ လူအုပ်ကြီးကို ကျနော်တို့ အသံမလွှင့်ခင် အချိန်မှာပဲ အရှိန်မြှင့် မောင်းနှင်လာတဲ့ လော်ရီထရပ်ကားကြီးတစီးက ၀င်ရောက် တိုက်ခိုက် ခဲ့တဲ့အတွက် လူပေါင်း ၇၀ ကျော် သေဆုံးပြီး တစ်ရာ ဒဏ်ရာရရှိ ခဲ့တယ်လို့ ပြင်သစ် ရုပ်သံသတင်းကို ကိုးကားပြီး အနောက်နိုင်ငံ သတင်းဌာနတွေ က ဖေါ်ပြကြပါတယ်။

ထရပ်ကားဟာ လူအုပ်ထဲကို ခပ်ဝေးဝေးထိအောင် တောက်လျှောက် တိုက်သွားခဲ့တယ်လို့ တာဝန်ရှိသူတဦးက BMF ရုပ်သံဌာနကို ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ကိုးကားဖေါ်ပြပါတယ်။ တာဝန်ရှိသူတွေကတော့ ဒီဖြစ်ရပ်ကို အကြမ်းဖက် လုပ်ရပ်အဖြစ် တရားဝင် ကြေညာပြောဆိုခြင်း မပြုသေးပါဘူး။ ဒါပေမဲ့ မျက်မြင်သက်သေတွေ ကတော့ တမင် ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြပါတယ်။ ထရပ် ကားမောင်းသူကို လုံခြုံရေးတာဝန်ရှိသူတွေက ပစ်သတ် လိုက်တယ် လို့ ပြင်သစ် ရုပ်သံသတင်းမှာ ဖေါ်ပြပါတယ်။

Credit : thithtoolwin.com/


15 Jul 2016     1,638 Views




RELATED

Most Popular of International News

Most Popular of NEWS