BEC-TERO TV

ကျမ ကလေးကို ဆုံးမရုံ ဆုံးမလိုက်တာဆိုတဲ့ ဆရာမ...ဒဏ်ရာ သွေးတွေနဲ့ ကလေးငယ်

20 Jul 2016     2,075 Views


- ဒုတိယတန်းကလေးတစ်ယောက်ကို ဆရာမက ပြင်းထန်စွာ ရိုက်နက်ဆုံးမ

- ကလေးမှာ တစ်ကိုယ်လုံး ဒဏ်ရာအပြည့်နဲ့ ထွက်ပြေးခဲ့ပါတယ်

- ချင်းပြည်ကနေ ရန်ကုန်မှာ စာလာသင်ယူနေတဲ့ ကလေးဖြစ်ပါတယ်

- ကလေးက ပိုက်ဆံခိုးလို့ဆိုပြီး ဒီလို ဆုံးမခဲ့တယ်လို့ သိရပါတယ်


ကလေးက ချင်းပြည်နယ်ကနေ ရန်ကုန်မြို့ ပျဉ်းမ၀င်ရွာမြောက်ပိုင်း သချိုင်းကုန်းနားမှာ လူသိများတဲ့ ခရိယာန် ဆရာမအိမ်မှာ နေပြီး ကျောင်းတက်နေတဲ့ ဒုတိယတန်း ကလေးဖြစ်ပါတယ်။

ပိုက်ဆံခိုးလို့ဆိုပြီး ဆရာမက ကြိမ်လုံးဖြင့် ကလေးကို ရိုက်နက် ဆုံးမခဲ့ပြီး ခြေထောက်တွေ၊ လက်တွေ၊ ဦးခေါင်းတွေ၊ မျက်နှာတွေမှာ ဒဏ်ရာတွေနဲ့ သွေးတွေ ထွက်နေတာ တွေ့ရပါတယ်။

ကလေးက အိမ်ကနေထွက်ပြေးရာကနေ အနီးနားက တွေ့တဲ့သူတွေ မေးမြန်းခဲ့ကြပြီး ဘုန်းကြီးကျောင်းတစ်ခုက လူကြီးတွေကို အကူအညီတောင်း စုံစမ်းခဲ့ရာ ကလေးကိုရိုက်တဲ့ ဆရာမက ကိုမေးကြည့်တော့ "ကျမကလေးကို ဆုံးမရုံ ဆုံးမလိုက်တာဟု ပြောပါတယ်။"

ဒီဖြစ်ရပ်ကို ကလေးရဲ့ မိဘတွေရော၊ လူကြီးတွေပါသိရှိပြီး အရေးယူနိုင်အောင် Facebook ပေါ်ရှယ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။


20 Jul 2016     2,075 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS