BEC-TERO TV

ကမ္ဘာလှည့်ခရီးသည်၂၆ယောက် အရှင်လတ်လတ်မီးလောင်

20 Jul 2016     1,307 Views


ကမ္ဘာလှည့်ခရီးသည်၂၆ဦး အရှင်လတ်လတ် ဘတ်စ်ကားပေါ်မှာ မီးလောင်သွားခဲ့တဲ့ ဖြစ်ရပ်ဆိုးတစ်ခု ထိုင်ဝမ်မှာဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေဟာ တရုတ်ပြည်မကြီးကဖြစ်ပြီး ခရီးသည်အားလုံးနဲ့ ဝန်ထမ်း၂ဦးဟာ အိပ်ပြန်ခရီးစဉ် အဖြစ် လေဆိပ်ကို မောင်းနှင်လာကြတာဖြစ်ပါတယ်။

ထိုင်ဝမ်မီဒီယာတွေရဲ့အဆိုအရ ကားဟာ လမ်းဘေးကိုချော်သွားခဲ့ပြီး ဘေးက လမ်းကိုကာထားတဲ့ သံဘောင်နဲ့တိုက်မိကာ ကားမောင်းသူဟာ မီးလောင်သွားခဲ့ပါတယ်။ ကားကလည်း တစ်ခြမ်းစောင်းသွားခဲ့ပြီး ကားတံခါးဟာ လမ်းဘေးက သံဘောင်နဲ့ပိတ်မိနေခဲ့ပါတယ်။ အခုအချိန်အထိ အသက်ရှင်ကျန်သူတစ်ယောက်မှမတွေ့ရသေးကြောင်း သိရပါတယ်။

မနေ့က 19 ရက်နေ့ နေ့လည် 1နာရီမှာ ဖြစ် ခဲ့တာဖြစ်ပြီး  စုစုပေါင်း ၂၄ယောက်ဖြစ်ပြီး အမျိုးသမီး ၁၆ဦး အမျိုးသား၈ဦးသေဆုံးသွားခဲ့ပါတယ်။ ထိုအထဲက ၂ယောက်က ထိုဝမ်ဧည့်လမ်းညွှန်နဲ့ ကားမောင်းသူဖြစ်ပါတယ်။

မော်တော်ဆိုင်ကယ်စီးလာတဲ့ လမ်းသွားလမ်းလာတွေက ရပ်ပြီး ကားတံခါးတွေကိုထုခွဲဖို့လုပ်ခဲ့ပေမယ့် မီးကအရမ်းမြန် တာကြောင့် အချိန်မမီခဲ့ပါဘူးလို့ သိရပါတယ်။

Credit:Shwemom


20 Jul 2016     1,307 Views




RELATED

Most Popular of International News

Most Popular of Entertainment