BEC-TERO TV

မြစ်ကမ်းပေါ်က တွေ့ ရှိခဲ့တဲ့ ဂြိုလ်သားအလောင်းကြောင့် သိပ္ပံပညာရှင်တွေ အကျပ်ရိုက်

20 Jul 2016     2,056 Views


လွန်ထူးဆန်းတဲ့ဦးခွံ နဲ့ အလောင်းတစ်ခုကို ဒေသခံနှစ်ယောက်ဟာ ကိုဗာရှီမြစ်ကမ်းဘေးမှာ တနင်္ဂနွေနေ့ က ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုအနားမှာ ရှာဖွေတွေ့ ရှိခဲ့တဲ့ အဆိုပါ ဂြိုလ်သားအရိုးစုကို အဖြေထုတ် ရှင်းပြနိုင်ဖို့ အတွက် သိပ္ပံပညာရှင်တွေ အခက်အခဲတွေ့ လျက်ရှိပါတယ်။ ၁၉၅၈ ခုနှစ်မှာ Leningard နျူကလီးယားဓာတ်ပေါင်းဖိုမှာ အလုပ်လုပ်တဲ့သူတွေ နေထိုင်နိုင်ဖို့ အတွက် ဆောက်လုပ်ပေးခဲ့တဲ့ ရုရှားနိုင်ငံ၊ Sosnovy Bor မြို့ ရွာ နားမှာ အဆိုပါအလောင်းကောင်ကို အမှတ်မထင် တွေ့ ရှိခဲ့တာဖြစ်ပါတယ်။ ဂြိုလ်သားအလောင်းကို တွေ့ ရှိခဲ့သူနှစ်ယောက်ဟာ ပထမက စွန့် ပစ်ထားတဲ့ ကြက်သန္ဓေသားလောင်း တစ်ခုဖြစ်မယ်လို့ ထင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဒီအသေကောင်ဟာ ငါး ဒါမှမဟုတ် ကြက်ငှက်နွယ်ဝင် တစ်ကောင်ကောင်ရဲ့ အလောင်းမဟုတ်ဘူးလို့ ယူဆရပါတယ်။ ဦးခေါင်းခွံက ထူးဆန်းပြီး လည်ပင်းနဲ့ တောင်ပံတွေလည်း မပါရှိဘူး” လို့ သုတေသနပညာရှင်တစ်ယောက်က ပြောကြားခဲ့ပါတယ်။ Krasnoyarsk မြို့ က ဇီဝရူပတက္ကသိုလ်က ကျွမ်းကျင်သူပညာရှင်တွေဟာ အသေကောင်ကို စစ်ဆေး လေ့လာခဲ့ပြီး အဆိုပါဇီဝရုပ်ကို အဖြေမရှာနိုင်ခဲ့ကြဘူးလို့ သိရပါတယ်။ နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ဖို့ အတွက် ဂြိုလ်သားအလောင်းကို Moscow မြို့ ကို ပို့ သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Credit : knowledge.thithtoolwin.


20 Jul 2016     2,056 Views




RELATED

Most Popular of Special or Others

Most Popular of NEWS