ပိန်သွယ်သွားတဲ့ Little Mix က jesy nelson
20 Jul 2016 1,504 Views

Little Mix အဆိုတော် jesy nelson ဟာ လေ့ကျင့်ခန်းလုပ်ရတာ နှစ်သက်တယ်လို့ နာမည်ကြီးပြီး ကြိုးစားအားထုတ်မှုရဲ့ရလဒ်ကို ဇူလိုင်လ ၁၆ ရက်ည ပါတီပွဲမှာ ထုတ်ပြလိုက်ပါတယ်။

အနုပညာကြယ်ပွင့်တွေ အများအပြားတက်ရောက်တဲ့ အဲဒီပါတီပွဲမှာ သူမရဲ့ ကိုယ်လုံးအလှကို ထင်ထင်ရှားရှားပြသနိုင်တဲ့ အပြာရောင် ဝတ်စုံလေးနဲ့ အလန်းကြီးလန်းနေပါတယ်။
တခြား Little Mix အဖွဲ့သားတွေ မပါဘဲ တစ်ယောက်တည်း ထွက်လာတဲ့ ဂျေစီဟာ အဲဒီညမှာ အဖော်အပေါင်း မဲ့မနေခဲ့ဘဲ တခြားမိန်းကလေးတွေနဲ့ ပြုံးပျော်နေတာကိုလည်း မြင်တွေ့လိုက်ရပါတယ်။

သိသိသာသာ ပိန်သွားတဲ့ Jesy

အရမ်းလှလာတဲ့ Jesy

Credit:Duwun





