BEC-TERO TV

ထာဝရ မေမေ ဇာတ်ကား

20 Jul 2016     1,770 Views


ရုပ်ရှင်မရိုက်တာ (၂)နှစ်ရှိပြီဖြစ်တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်က "အမေနဲ့ ကျွန်တော်" ဝတ္တုကို "ထာဝရမေမေ" နာမည်နဲ့ ရုပ်ရှင်ပြန်ရိုက်တော့မှာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားအတွက် ကန်တော့ပွဲပေးအခမ်းအနားကိုလည်း ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဇာတ်ကားမှာ အကယ်ဒမီ မေသန်းနုလည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ ပြန်လည် ရိုက်ကူးဖြစ်တဲ့ ဒီဇာတ်ကားမှာ သားဖြစ်သူ မင်းသန့်မောင်မောင် ကလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီသွားမယ်လို့ သိရပါတယ်။

"ထာဝရမေမေ" ဇာတ်ကားကို ဇူလိုင်(၂၁) ရက်နေ့မှာ စတင်ရိုက်ကူးမှာ ဖြစ်ပြီး နေတိုး၊ ရဲအောင်၊ထွန်းကိုကို၊ မေသန်းနု၊ ဝတ်မှုံရွှေရည်၊ ပိုးအိအိခန့်တို့က အဓိက ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit: Duwun


20 Jul 2016     1,770 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment