BEC-TERO TV

Pokemon ဖမ်းရင်း စစ်စခန်းထဲရောက်သွားလို့ ထိန်းသိမ်းခံရ

20 Jul 2016     1,614 Views


ကမ္ဘာတစ်ဝန်းမှာ ပေါ်ပြူလာဖြစ်နေတဲ့ Pokemon Go စမတ်ဖုန်း ဂိမ်းကစားသူ ပြင်သစ်အမျိုးသားတစ်ဦးဟာ အင်ဒိုနီးရှားမှာ စစ်စခန်းတစ်ခုအတွင်း ကျူးကျော်ဝင်ရောက်မိခဲ့တာကြောင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အသက် ၂၇ နှစ်အရွယ် ရိုမိန်းပီယာရီဆိုသူ ပြင်သစ်အမျိုးသားက Pokemon Go စမတ်ဖုန်းဂိမ်းမှာ Pokemon အကောင်လေးများကို လိုက်လံဖမ်းဆီးရာက စစ်စခန်းအတွင်း မတော်တဆ လမ်းမှားရောက်ရှိခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဆိုပါ ပြင်သစ်အမျိုးသားဟာ ညနေခင်း အပြေးလေ့ကျင့်ရင်း Pokemon Go ဂိမ်းမှာ Pokemon အကောင်းလေးတွေကို ဖမ်းဆီးနေရာက လုံခြုံရေးကြပ်မတ်ထားတဲ့ စစ်စခန်ဧရိယာအတွင်း ရောက်ရှိသွားခဲ့ကြောင်း အနောက်ဂျာဗား ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ယူစရီယူနွတ်စ်က အေအက်ဖ်ပီသတင်းကို ပြောပါတယ်။

ပြင်သစ်အမျိုးသားဟာ စီရီဘွန်ဆိပ်ကမ်းမြို့မှာ လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး ၎င်းကို နာရီအနည်းငယ်ကြာ ထိန်းသိမ်းမေးမြန်းပြီးနောက် ယနေ့ (ဇူလိုင် ၁၉ ရက်) အစောပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။ ဇူလိုင် ၇ ရက်က စတင်မိတ်ဆက်ခဲ့တဲ့ Pokemon Go စမတ်ဖုန်းဂိမ်းမှာ ဂိမ်းကစားသူက ၎င်းရဲ့စမတ်ဖုန်းနဲ့အတူ လမ်းလျှောက်သွားလာရပြီး ဂိမ်းအတွင်း မြေပုံအလိုက် Pokemon အကောင်လေးတွေကို ရှာဖွေဖမ်းဆီးရတဲ့ ဂိမ်းဖြစ်ပါတယ်။ လက်ရှိမှာ Pokemon Go ကို ကမ္ဘာတစ်ဝန်း စမတ်ဖုန်းသုံးသူများကြား အထူးစိတ်ဝင်စားနေကြပြီး ဖေ့စ်ဘွတ်ထက်ပင် အသုံးပြုသူများလာကြောင်းလည်း သတင်းများက ဆိုပါတယ်။

Credit : mayoneyinponepyinmat/


20 Jul 2016     1,614 Views




RELATED

Most Popular of Special or Others

Most Popular of NEWS