BEC-TERO TV

လက်ချောင်း နပမ်း (Finger Wrestling)

20 Jul 2016     1,259 Views


ဂျာမနီနိုင်ငံမှာ ၁၉၆၉ ကတည်းက ကျင်းပလာတဲ့ အားကစားပွဲ တစ်ခုကတော့ လက်ချောင်းနပမ်း (Finger Wrestling ) ပဲ ဖြစ်ပါတယ်။ လက်ချောင်းနပမ်းလို့ ဆိုပေမယ့် တကယ်တမ်းမှာ ပါဝင်ယှဉ်ပြိုင်သူနှစ်ဦးရဲ့ လက်ချောင်း တစ်ချောင်းစီကို သားရေကွင်းအမာစားထဲ ထည့်ပြီး လွန်ဆွဲသလို ဆွဲကြတာပါ။ ပြိုင်ပွဲဝင်အများစုက လက်ခလယ်တွေသုံးပြီး ယှဉ်ပြိုင်ကြပါတယ်။ လက်ချောင်းအားကို သုံးပြီး ကိုယ့်ပြိုင်ဘက်ကို စားပွဲပေါ်ရောက်လာတဲ့အထိ ၊ စားပွဲပေါ် မှောက်လဲတဲ့ အထိ ဆွဲနိုင်တဲ့သူက အနိုင်ရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကို ကြည့်ရတာ အပျော်သဘောသက်သက်လို့ ထင်ရပေမယ့် ပြိုင်ပွဲဝင်သူတွေဟာ အလေးအနက်ထားပြီး လေ့ကျင့်ကြ၊ ပြိုင်ဆိုင်ကြပါတယ်။ လက်ချောင်းအားသန်အောင်လို့ တင်းနစ်ဘောလုံးကို လက်နဲ့ ညှစ်ချေတာ၊ လက်ချောင်းတစ်ချောင်းထဲနဲ့ ဘားတန်းခိုတာ၊ ၅၀ ကီလိုဂရမ်လောက် ရှိတဲ့ အလေးတွေကို မ တာတွေ လုပ်ကြတယ်လို့ သိရပါတယ်။

Credit : mayoneyinponepyinmat/


20 Jul 2016     1,259 Views




RELATED

Most Popular of Special or Others

Most Popular of NEWS