BEC-TERO TV

ယောက်ျားယောင်ဆောင်ပြီး မိန်းမယူတဲ့ အမျိုးသမီး ဖမ်းခံရ

21 Jul 2016     1,278 Views


ယောက်ျားယောင်ဆောင်ပြီး အမျိုးသမီးချင်းယူတဲ့လူကို အင်ဒိုနီးရှားမှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ အသက်(၄၀) အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ ဆူရတ်တီဟာ အမျိုးသားတစ်ဦးအသွင်ယူကာလက်ထပ်ခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူရဲ့ တိုင်တန်းမှုကြောင့် ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မိုဟာမက်အက်ဖန်ဒီဆပူထရာဆိုတဲ့ အမျိုးသားအမည်ကိုယူပြီး ရဲအရာရှိတစ်ဦး အဖြစ် လူတွေကို သူက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ်ဟီနီယာတီဆိုတဲ့ အမျိုးသမီးကို လက်ထပ်ခဲ့ပြီး သံသယမရှိစေဖို့အတွက် လက်ထပ်ပွဲမှာ သူ့ရဲ့ အမျိုးဆိုပြီး လူတွေကို ငှားရမ်းခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ထပ်ပြီး လအနည်းငယ်ကြာတဲ့အထိ အတူနေဖို့ ငြင်းဆန်နေတာကြောင့် ဇနီးဖြစ်သူက သံသယရှိလာတာဖြစ်ပြီး အဆုံးမှာ မှတ်ပုံတင်ကတ်အစစ်ကို တွေ့တာကြောင့် မိန်းမဖြစ်နေမှန်းသိခဲ့ကာ ရဲကိုတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဆူရတ်တီဟာ သူလိမ်လည်ခဲ့ကြောင်း ဝန်ခံထားတာကြောင့် ထောင်ဒဏ် ၇ နှစ်နဲ့ ရင်ဆိုင်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဆူရတ်တီဟာ မိန်းမအဖြစ်နဲ့ ယခင်က ယောက်ျားယူခဲ့ပြီး အသက် ၁၇ နှစ်အရွယ် ကလေးတစ်ဦးရှိတယ်လို့လည်း သိရပါတယ်။

Credit : duwun.com.mm/


21 Jul 2016     1,278 Views




RELATED

Most Popular of Special or Others

Most Popular of NEWS