BEC-TERO TV

အိပ်ပျော်နေစဉ် အဓ္ဓမပြုကျင့်မိခဲ့သည်ဟု ထွက်ဆိုသဖြင့် တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်

22 Jul 2016     1,536 Views


အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်ဆိုင်ရာကျူးလွန်ပြီး အဓ္ဓမပြုကျင့်ခဲ့တယ်လို့ စွဲချက်တင်ခံထားရတဲ့ အမျိုးသားတစ်ဦးက အကြောင်းပြချက်တစ်ခု ပေးလိုက်တဲ့အတွက် အပြစ်မရှိကြောင်း တရားရုံးက ဆွီဒင်တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ အဆိုပါအမျိုးသမီးငယ်ကို လိင်ပိုင်ဆိုင်ရာ ထိခိုက်စော်ကားမိခဲ့တာဟာ အိပ်ပျော်နေစဉ်မှာ ယောင်ရမ်းပြီး ဖြစ်ခဲ့တာကြောင့် သူမသိရှိခဲ့ဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ ပထမအကြိမ် စွဲချက်တင်တုန်းမှာ တရားရုံးက ဒီဖြစ်ရပ်ကိုလက်မခံခဲ့ပဲ ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အယူခံ ဆက်ဝင်ခဲ့ရာမှာတော့ တရားရုံးက သူ့ရဲ့ထွက်ဆိုချက်ကို လက်ခံလိုက်တာ ဖြစ်ပါတယ်။

အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါအမျိုးသား အိပ်ပျော်တဲ့အချိန်မှာ ယောင်ပြီးဒီဖြစ်ရပ်ကျူးလွန်ခဲ့တယ်ဆိုတာကို အဓ္ဓမကျင့်ခံရတဲ့ အမျိုးသမီးငယ်ကလည်း သူသိခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ သူမ မရုန်းကန်ခဲ့ရတဲ့ အကြောင်းရင်းက သူ့ရဲ့ဇနီးသည် နိုးလာပြီး တားဆီးမယ်လို့ ထင်ခဲ့လို့ ဖြစ်ကြောင်း ပြောကြားပါတယ်။ နောက်ပိုင်းမှာ အဆိုပါအမျိုးသမီးရဲ့ ကိုယ်ဝန်ကို မျိုးရိုးဗီဇစစ်ချက်ယူခဲ့ရာမှသာ အဆိုပါအမျိုးသားက သူ့ရဲ့ကိုယ်ဝန်ဖြစ်ကြောင်း သိရှိပြီး ဒီလိုကျူးလွန်မိခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောကြားပါတယ်။ တရားလိုရှေ့နေဘက်က မုဒိမ်းမှု ဖြစ်ပွားချိန်မှာ အဆိုပါအမျိုးသား အိပ်မပျော်နေခဲ့ဘူးဆိုတာကို သက်သေမပြနိုင်တဲ့အတွက် တရားရုံးက ဒီလိုဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


22 Jul 2016     1,536 Views




RELATED

Most Popular of Special or Others

Most Popular of NEWS