မြေးအတွက်ဆေးဝါးစရိတ်ကို ဖရဲသီးရောင်းကာရှာသည့် ၇၈ နှစ်အရွယ် ပင်စင်စားကျောင်းဆရာ
25 Jul 2016 1,598 Views

ချန်တီယန်ကင်ဆိုတဲ့ အမျိုးသားဟာ ကျေးလက်ပညာရေးအတွက် ဘ၀တစ်ခု လုံးကို မြှုပ်နှံခဲ့သူပါ။ သူဟာ တရုတ်နိုင်ငံ ဟီနန်အရပ်ဒေသမှာ ၄၁ နှစ်ကြာ ကျောင်းဆရာ လုပ်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်အရောက်မှာတော့ သူဟာ ကျောင်းအုပ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကံခေလှတာကြောင့် သူဟာ အငြိမ်းစားယူပြီးချိန်မှာတောင် တခြားအငြိမ်းစားတွေလိုစိတ်အေး လက်အေးမနေရရှာပါဘူး။ သူ့သားအကြီးက သွေးတိုး၊ ဆီးချို ဖြစ်နေတာကြောင့် တစ်ချိန်လုံးဆေးသောက် နေရပြီးအလုပ်လည်းမလုပ်နိုင်ပါဘူး။
သား ငယ်ကလည်း သူ့မိသားစုအတွက်တောင် လောက်ငှအောင်မရှာနိုင်မဖွေနိုင်ပါဘူး။ ၂၀၁၂ ခုနှစ်မှာတော့ သူ့မြေးလေးဟာ ဓာတ်မတည့်တဲ့ရောဂါတစ်မျိုးအကြီးအ ကျယ်ဖြစ်ပါတော့တယ်။ ဒါကြောင့် မြေးအတွက်ငွေတွေပုံအော သုံးလိုက်ရပါ တယ်။ အဲဒီနှစ်မှာပဲ ၁၀ နှစ်အရွယ် မြေးမလေးကသွေးအားနည်းရောဂါဖြစ်ပြန်ပါ တယ်။ Stemcell အစားထိုး ဖို့ဆိုတာကလည်း သူတို့ဘယ်လိုမှမတတ်နိုင်တဲ့ ငွေ ပမာဏကြီးဖြစ်နေပါတယ်။ ဒါကြောင့် သူ နဲ့သူ့ဇနီးကရင်နှစ်သည်း ချာမြေးမလေးအတွက် ဆေးဖိုးရအောင် ပေကျင်းမြို့ လမ်းဘေးမှာဖရဲသီးရောင်းဖို့ ဆုံးဖြတ်လိုက်တာပါ။
.jpg)
Credit : Pyi Myanmar







