BEC-TERO TV

ဆိုင်အတွင်း ဈေးလာဝယ်သူ ထိုင်းအမျိုးသမီးတစ်ဦး ခွေးမုဒိန်းကျင့်ခံ

25 Jul 2016     1,343 Views


ထူးဆန်းထွေလာ ထိုင်းနိုင်ငံမှာ မုဒိန်းမှုတွေကို သေဒဏ်ပေးဖို့ ဥပဒေပြင်ဖို့  လုပ်နေကြတဲ့အချိန်မှာ 7-11 ဆိုင်အတွင်းကို လာရောက်ဈေးဝယ် သူ အမျိုးသမီးကို အ၀ါရောင် ခွေးတကောင်က တက်မုဒိန်းကျင့်တာကို ခံရကြောင်း ယနေ့ မနက် ထိုင်းဆိုရှယ်မီဒီယာတွေမှာဖေါ်ပြနေကြပါတယ်။

အမျိုးသမီးက ထိုင်ပြီး ပစ္စည်းရွေး နေတုန်း အ၀ါရောင်ခွေးကြီး က အမျိုးသမီး တွန်းလဲပြီး မုဒိန်းကျင့်ဘို့ ကြိုးးစားခဲ့တာကို အမျိုးသမီးက ခွေးကိုက်မှာစိုးလို့  ငြိမ်နေခဲ့ရတယ်လို့  ဆိုပါတယ်။

မုဒိန်းခွေးဟာ 7-11 ပိုင်ရှင်ရဲ့  ခွေးဖြစ်ပြီး ပိုင်ရှင်က ဆိုင်ကိုလာလည်တာ ကိုနောက်ကနေ လိုက်လာရင်း ပစ္စည်း ထိုင်ရွေးနေတဲ့ အမျိုးသမီးကို တွေ့တာနဲ့  အတင်းတက်ခွနေတာကို ခွေးပိုင်ရှင်လည်း မတားနိုင်ခဲ့ဘူးလို့  သိရပါတယ်။

လဲနေတဲ့ အမျိုးသမီးကို တောင်းပန်နေတုံး ခွေးက တခြားအမျိုးသမီးနှစ်ဦး ကိုပါ တက်ခွဖို့  ကြိုးစားခဲ့သေးတယ်လို့ ထိုင်းနိုင်ငံဆိုရှယ်မီဒီယာတွေမှာဖေါ်ပြ ထားတာပါ၊ ခုလိုသုတ်ကြောင် ခွေးကြီးမျိုးရှေ့ မှာ ထိုင်ရက်မနေမိကြဖို့  လည်း အကြောင်းသိတဲ့ သူတွေ မှတ်ချက်ပေး တိုက်တွန်း ထားပါသေးတယ်။


Credit Kapook.com
 


25 Jul 2016     1,343 Views




RELATED

Most Popular of Special or Others

Most Popular of NEWS