BEC-TERO TV

ရန်ကုန်မြို့မှာ အစိုးရ သက်တမ်း ၅ နှစ် အတွင်း မိုးပျံရထား အပြီးဆောက်လုပ်မည်

25 Jul 2016     2,203 Views


- ရန်ကုန်မြို့ပတ် ရထားလမ်း၏ မိုင် ၃၀ ပတ်လည်တွင် မိုးပျံရထားလမ်း အကောင်အထည်ဖော်မည်

- အစိုးရ ၅ နှစ် သက်တမ်းအတွင်း ပြီးအောင် ဆောက်လုပ်မည်

- မိုးပျံရထားကို ပေ ၅၀ အမြင့်ပေါ်တွင် ဆောက်လုပ်မည်

- မိုးပျံရထားလမ်းအောက်တွင် ကားလမ်း ဆောက်လုပ်မည်


မေလ ၂၂ ရက်နေ့တွင် တာမွေ၌ အစီးအဝေးပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ 

 
မိုးပျံရထားကို ယခုလက်ရှိ ရန်ကုန်မြို့ပတ် မီးရထားလမ်း မိုင် ၃၀ ပတ်လည်တွင် တည်ဆောက်မယ်လို့ သိရပါတယ်။ မိုးပျံရထားကို အမြင့်ပေ ၅၀ မှာ ဆောက်လုပ်မည်ဖြစ်ပြီး အောက်တွင် ကားလမ်းဆောက်မည်ဟု သိရပါတယ်။
 
“မိုးပျံရထားလမ်းလုပ်ဖို့ ၀န်ကြီးချုပ်က မနေ့က ပြောသွားတာပါ။ မြို့ပတ်ရထားလမ်းနဲ့ မိုင် ၃၀ ပတ်လည်မှာ လုပ်မယ်လို့ ပြောပါတယ်။ အောက်မှာကားလမ်းနဲ့ အပေါ်မှာ ရထားလမ်း လုပ်မယ်လို့ပြောတယ်” ဟု ဦးမင်းဇော်က ပြောကြားသည်။
 
ဒီမိုးပျံရထားလမ်းကို လက်ရှိ အစိုးရ သက်တမ်း ၅ နှစ်တာ အတွင်း ပြီးစီးအောင် ဆောက်လုပ်သွားမည်ဟုလဲ သိရပါတယ်။
 
Source: Eleven

25 Jul 2016     2,203 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS