ခြောက်ကြိမ်မြောက် နိုင်ငံတကာ ရင်သားအလှမော်ဒယ်ပြိုင်ပွဲ ကျင်းပ
26 Jul 2016 1,880 Views

တရုတ်နိုင်ငံ၊အန်းဟွေပြည်နယ်တွင် ခြောက်ကြိမ်မြောက် နိုင်ငံတကာရင်သား အလှမော်ဒယ်ပြိုင်ပွဲ၏နောက်ဆုံးအဆင့် ရွေးချယ်ပွဲများကိုကျင်းပခဲ့သည်ဟု သိရသည်။ကမ္ဘာ့ရင်သားအလှဆုံးမော်ဒယ်ဆု ကိုသိမ်းပိုက်နိုင်ရန် ကမ္ဘာတစ်လွှားမှအလှမယ်များ ၀င်ရောက်ယှဉ်ပြိုင်ကြသည်ကို မြင်တွေ့ရပြီး ယခုနှစ်ပြိုင်ပွဲသည် ယခင်နှစ်များကလောက် အဆင့်အတန်းမြင့်မြင့် ကျင်းပနိုင်ခဲ့ခြင်းမရှိဟု ဝေဖန်ခံခဲ့ရသည်။ နှစ်စဉ်ပြိုင်ပွဲများကျင်းပနေရသည့်အဓိက ရည်ရွယ်ချက်မှာ အမျိုးသမီးများ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေရန်နှင့် ရင်သားကျန်းမာရေးအတွက် လှုံ့ဆော်မှုများပြုလုပ်လိုခြင်းဖြစ်သည်။

ရင်သားသေးသည့် အမျိုးသမီးများက ရင်သားလှပချင်သည့်အခါ အများအားဖြင့် ပလတ်စတစ်ဆာ ဂျူရီဆေးခန်းများကိုသာ အားကိုးလေ့ရှိ ကြပြီး ရင်သားတွင် ဆီလီကွန်ထည့်သွင်း၍လှပခြင်းထက် ရင်သားကျန်းမာရေးက ပိုအရေးကြီးကြောင်း ထင်ဟပ်ပေါ်လွင်စေ ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် တရုတ်နိုင်ငံတွင်းမှ မော်ဒယ်များအများဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိခဲ့သူသုံးဦးမှာလည်း တရုတ်နိုင်ငံမှပင်ဖြစ်သည်ဟု သိရသည်။

Credit : Pyi Myanmar








