BEC-TERO TV

သမ္မတအာဒိုဂန်ကို လုပ်ကြံရန်လာရောက်သည့် ရဟတ်ယာဉ်များက လိပ်စာမှားဆင်းမိခဲ့

27 Jul 2016     1,283 Views


တူရကီနိုင်ငံ Marmaris ပင်လယ် ရေပိုင်နက်အတွင်းရှိMarmaris အပန်းဖြေစခန်းမှ အိမ်တော်တွင် အနားယူနေ သော သမ်္မတအာဒိုဂန်ဆီသို့ စစ်တပ်အာ ဏာပိုင်တစ်ဦးထံမှ ဖုန်းခေါ်ဆိုမှုဝင်ရောက် လာကာ ပုန်ကန်သည့်စစ်သားများကို တင် ဆောင်လာသော Blackhawk ရဟတ် ယာဉ်များသည် အိမ်တော်ရှိရာသို့ လာ ရောက်နေပြီဖြစ်ကြောင်း ဆိုခဲ့သည်။ အသက် ၆၂ နှစ်အရွယ် အာဒိုဂန်သည် အနီးအနားရှိ လေယာဉ်ဆင်းကွင်းအတွင်း အသင့်စောင့်ဆိုင်းနေသော ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် လက်နက်ကိုင်အစောင့်များ နှင့်အတူ အမြန်ဆုံးထွက်ခွာခဲ့ရသည်။ တစ်ချိန်တည်းတွင် အာဏာသိမ်းရန် ကြိုး ပမ်းမှုတွင် ပါဝင်သည့် စစ်သားများသည် ရဟတ်ယာဉ်သုံးစင်းဖြင့် အပန်းဖြေစခန်း သို့ ရောက်ရှိလာခဲ့ကာ တူရကီသမ္မတနေ ထိုင်ခဲ့သည့် Yazici Mares ဟိုတယ်နှင့် ကပ်လျက် The Grand Yazici Club Turban ဟိုတယ်သို့ မှားယွင်း၍ ၀င်ရောက်စီးနင်းမိသောကြောင့် သေနတ်သံများကြားမှ တည်းခိုနေသည့် ဗြိတိန်ခရီးသွားများ အလန့်တကြားဖြစ်ခဲ့ရသည်။

ပုန်ကုန်စစ်သားမှား မှားဝင်သွားသော ဟိုတယ်

အာဒိုဂန်သည် ကိုယ်ပိုင်ဂျက်လေယာဉ် ဖြင့် လွတ်မြောက်သွားခဲ့သော်လည်း F-16 တိုက်လေယာဉ်နှစ်စင်းက အာဒိုဂန်ကို တင်ဆောင်လာသည့် ဂျက်လေယာဉ်ကို ပစ်ချရန် အမိန့်ရရှိခဲ့သည်။ သို့သော် သမ္မတဂျက်လေယာဉ်ကို မောင်းနှင်သည့် လေယာဉ်မှူးများက သာမန်ခရီးသည်တင် ဂျက်လေယာဉ်ပုံ ဖမ်းခဲ့သောကြောင့် အာဏာသိမ်းပွဲစတင်ဖြစ်ပွားပြီးနောက် နှစ်နာရီ အကြာတွင် အာဒိုဂန်သည် အီစတန်ဘူးလ်မြို့သို့အန္တရာယ်ကင်းကင်း ရောက်ရှိလာခဲ့သည်။ အာဒိုဂန်က နောက်ပိုင်းတွင် မိမိမှာ ၁၅ မိနစ်အတွင်း အသက်အန္တရာယ်မှ သီသီလေးလွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး ဖုန်းခေါ်ဆိုခဲ့သည့် တပ်မှူးက မိမိ အသက်ကို ကယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ကြောင်း သိရသည်။

Credit : Pyi Myanmar


27 Jul 2016     1,283 Views




RELATED

Most Popular of International News

Most Popular of NEWS