BEC-TERO TV

အမေရိကန် အင်ပါယာစတိတ် အဆောက်အအုံ မိုးကြိုးပစ်သည့်ရုပ်သံ ထွက်ပေါ်

27 Jul 2016     1,281 Views


အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှ အင်ပါယာစတိတ် အဆောက်အအုံကို မိုးကြိုးပစ်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို အမျိုးသားတဦးက ရိုက်ယူနိုင်ခဲ့တယ်လို့ ယူပီအိုင်သတင်းတပုဒ်မှာ ဇူလိုင် ၂၆ ရက်နေ့က ဖော်ပြပါတယ်။ ဟန်းနရစ်ခ် မော့လ်တ်ခ် အမည်ရ အဆိုပါအမျိုးသားဟာ အဲဒီရုပ်သံဖိုင်ကို ယူကျု အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။ အဲဒီအဖြစ်အပျက်ဟာ ဇူလိုင် ၂၅ ရက် ညနေပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ကြောက်မက်ဖွယ် လျှပ်စီးလက်ပြီး အဆောက်အအုံပေါ် ထိမှန်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

နယူးယောက်မြို့ မိုးကုပ်စက်ဝိုင်းနောက်ခံ ကောင်းကင်ပေါ်မှာ ပေါ်လွင်နေတဲ့ အင်ပါယာစတိတ် အဆောက်အအုံကို မိုးကြိုးပစ်မယ့်အချိန် စောင့်ပြီး မော့လ်တ်ခ်က ရိုက်ကူးနိုင်ခဲ့ချိန်မှာတော့ “ကျနော် ဒီရုပ်သံဖိုင်ကို ရခဲ့ပြီ” လို့ ပြောခဲ့ပါတယ်။ အင်ပါယာစတိတ် အဆောက်အအုံရဲ့ တရားဝင် အင်တာနက်ဝက်ဘ်ဆိုက် စာမျက်နှာမှာတော့ ခုလိုအဖြစ်အပျက်မျိုးဟာ တနှစ်မှာ ၂၃ ကြိမ်လောက် ဖြစ်နေတာလို့ ပြောပါတယ်။

Credit : http://burmese.dvb.no/


27 Jul 2016     1,281 Views




RELATED

Most Popular of International News

Most Popular of NEWS