BEC-TERO TV

တက္ကစီအတူလိုက်စီးသွားတဲ့သရဲမ

28 Jul 2016     1,529 Views


ဗွီဒီယိုထဲမှာ အ မျိုးသားတစ်ယောက်ဟာ လမ်းခုလတ်တစ်နေရာမှာ တက္ကစီတားပြီး စီးခဲ့ပါတယ်။ အဲဒီမှာ သူဝင်တဲ့ ကားတံခါးပေါက်ကနေ အမျိုးသမီးလို့ ယူဆရတဲ့ သရဲမဟာ လိုက်ပြီးဝင်ခဲ့ပါတယ်။ဗွီဒီယိုကို ရှင်းရှင်းလင်းလင်း ကြည့်လို့ရအောင် အနှေးပြကွက်၊ မြှားနီစတာတွေကိုပါ ထည့်သွင်းပေးထားလို့ မြင်ရသူတွေကို သံသယ ရှင်းစေပါလိမ့်မယ်။

သရဲရဲ့ အကောင်အထည်ကလည်း အဲဒီဗွီဒီယိုဖိုင်ထဲမှာ ရှင်းရှင်းလင်းလင်း ရှိလှပြီး၊ ကြက်သီးမွေးညှင်းတွေတောင် ထစေပါတယ်သရဲမဟာ လက်ရှည်အင်္ကျီနဲ့ဂါဝန်အရှည်ကို ၀တ်ဆင်ထားပြီး၊ အိတ်တစ်လုံးကို သယ်ဆောင်ထားတယ်လို့လည်း ယူဆရ ပါတယ်။

ဒါ့အပြင် တက္ကစီယာဉ်ရပ်ခဲ့တဲ့ နေရာကလည်း 2011 ဂျပန်ဆူနာမီကာလတုန်းက အဆိုးဝါးဆုံးနဲ့ လူအသေ အပျောက်အများဆုံးနေရာတစ်ခုအဖြစ် ပါဝင်ခဲ့တဲ့ Ishinomaki ဖြစ်နေတဲ့အတွက် ပိုပြီး ကျောချမ်းစရာ ကောင်းနေပါ တယ်။ အဲဒီနေရာမှာ တက္ကစီမောင်းတဲ့ ဒရိုင်ဘာတော်တော်များများကလည်း ပိုက်ဆံမပေးဘဲ ကားပေါ်ကနေ ပျောက် ကွယ်သွားတဲ့ ခရီးသည်တွေ ရှိခဲ့ကြောင်း ၎င်းတို့အတွေ့အကြုံကို ပြောပြထားကြပါတယ်။

ဒီဗီဒီယိုဟာလဲ လူစိတ်ဝင်စားနေတဲ့ အရာ တခုဖြစ်နေပါတယ် ။ တစ်ချို့က သရဲဆိုတာ တကယ်မရှိဘူးလို့ ယုံကြည်ကြပါတယ်။ တစ်ချို့ကတော့ ရှိနိုင်တယ် … ကိုယ်တိုင် မတွေ့သေး တော့ ဘယ်လိုပုံစံဖြစ်မလဲဆိုတာ အကောင်အထည်ခန့်မှန်းရ ခက်တယ်လို့ မယုတ်မလွန် ဖြေကြပါတယ်။ ဒါပေမယ့် တစ်ချို့တော့ ကိုယ်တိုင်မမြင်ဖူးပေမယ့် သရဲဆိုတာ ရှိကိုရှိတယ်လို့ တိတိကျကျ ပြောတာမျိုးလည်း ရှိပါတယ်။အခု ဒီဗွီဒီယိုဖိုင်ကတော့ ဂျပန်နိုင်ငံရဲ့ လမ်းဘေးစီစီတီဗွီတစ်ခုကနေ ဖမ်းယူရရှိထားတာ ဖြစ်ပြီး ဒီဗီဒီယိုကို ကြည့်ပြီး သရဲမရှိ/အရှိ ငြင်းနေကြသူတွေအတွက်တော့ အဖြေတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Credit:Shwemom


28 Jul 2016     1,529 Views




RELATED

Most Popular of Special or Others

Most Popular of NEWS