တူရကီမှာဂျာနယ်လစ် ၄၇ ယောက်ကို ဖမ်းမိန့် ထပ်ထုတ်
28 Jul 2016 1,623 Views

တူရကီ နိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးစားမှု ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း ဖမ်းဆီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေရာမှာ နောက်ထပ် ဂျာနယ်လစ် ၄၇ ယောက်ကို ဖမ်းဆီးဖို့ တူရကီ အာဏာပိုင်တွေက ဝရမ်း ထုတ်ပြန်လိုက်ပါတယ်။ တနင်္လာနေ့ကလည်း ဂျာနယ်လစ် ၄၀ ကျော်ကို ဖမ်းဆီးဖို့ အမိန့်ထုတ်ခဲ့ ပါသေးတယ်။
အဲဒီ ဂျာနယ်လစ်တွေဟာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ကြိုးကိုင်ခဲ့သူလို့ သံသယရှိတဲ့ အမေရိကန်ရောက် တူရကီ ဘာသရေး ခေါင်းဆောင် Fethullah Gulen နဲ့ ဆက်စပ်တဲ့ သတင်းစာ တစ်စောင်မှာ လုပ်ကိုင်ခဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။
အခုချိန်ထိ နယ်ပယ် အသီးသီးက ဖမ်းဆီး ခံရသူပေါင်း တစ်သောင်း ခြောက်ထောင်လောက်ရှိသွားပြီ ဖြစ်ပါတယ်။အာဏာသိမ်းဖို့ ကြိးပမ်းမှု အတွင်း သေဆုံးသူ အနည်းဆုံး ၂၅၆ ဦးရှိခဲ့ပြီး လူ ၂ ထောင်ကျော် ဒဏ်ရာရခဲ့ကြပါတယ်။

Credit : BBC Burmese






