BEC-TERO TV

ဒေါက်ဖိနပ်စီးပြီး လက်ဝှေ့ထိုးတဲ့ ဂျီဂျီဟက်ဒီး

28 Jul 2016     1,543 Views


ဂျီဂျီဟက်ဒီးကို ပြီးပြည့်စုံတဲ့အလှပိုင်ရှင်လို့ ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူး။ သူမရဲ့မျက်နှာက ချစ်စရာကောင်းသလို ဆွဲဆောင်မှုလည်းရှိပါတယ်။ အခြားမော်ဒယ်တွေလို ပိန်လွန်းမနေဘဲ လှပတဲ့ကောက်ကြောင်းတွေကို ပိုင်ဆိုင်ထားသူလေးက မယုံနိုင်လောက်အောင် အဆီပိုကင်းမဲ့တဲ့ ဗိုက်သားချပ်ချပ်လေးကိုလည်း ပိုင်ဆိုင်ထားပြန်ပါသေးတယ်။ တနင်္လာနေ့ကလည်း နယူးယော့ခ်က လက်ဝှေ့ရုံမှာ ထူးထူးခြားခြား စွမ်းရည်တစ်ခု ပြသခဲ့ပါသေးတယ်။ ဒေါက်မြင့်ဖိနပ်ကိုစီးပြီး လက်ဝှေ့ထိုးခဲ့တာပါ။ ဂျီဂျီရဲ့ဘေးမှာ တက်တူးထိုးထားတဲ့အမျိုးသားမော်ဒယ်တစ်ဦးကိုလည်း တွေ့ရပါတယ်။

အနက်ရောင်ခါးတိုအင်္ကျီလေးကို ခပ်ကျပ်ကျပ်ဘောင်းဘီအနက်နဲ့ တွဲဝတ်ထားပြီး သဲအိတ်ကို အားပါပါထိုးနေလိုက်တာ ချွေးတွေကိုရွှဲလို့ပါပဲ။ " ကျွန်မပေါင်တံတွေက ကျောက်တုံးတွေလိုမျိုး အကြီးကြီးပဲ၊ ကျွန်မ အားကစားလုပ်ကတည်းက တကယ်ကြီးထွားလာတာ၊ ကျွန်မခန္ဓာကိုယ်ကလည်း အားကစားသမားခန္ဓာကိုယ်ပဲလေ၊ ကျွန်မမှာ ယောက်ျားလေးတွေလို ကြွက်သားတွေလည်းရှိသေးတယ်။ ကျွန်မကတော့ ကျန်းမာရေးကောင်းတဲ့ စံပြမော်ဒယ်ဖြစ်ချင်တာပါ" လို့ ဂျီဂျီက ပြောပါတယ်။ ဂျီဂျီရဲ့ နောက်ထပ်စွမ်းရည်တစ်ခုကတော့ ဘောလီဘောကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်တာဖြစ်ပါတယ်။

Credit : duwun.com.mm/


28 Jul 2016     1,543 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment