BEC-TERO TV

လျှပ်စစ်ကားတွေတည်ဆောက်ဖို့အတွက် အလုပ်သမား ၁၄၀၀ ကို ငှားရမ်းခဲ့တဲ့ Porsche

29 Jul 2016     1,270 Views


ဂျာမန်ပြိုင်ကားကုမ္ပဏီ Porsche ဟာ လျှပ်စစ်ကားဈေးကွက်ကို ပိုမိုဦးတည်လာတဲ့ အခြေအနေတစ်ရပ်အနေနဲ့ လျှပ်စစ်ကားတွေ တည်ဆောက်ရာမှာ လုပ်ကိုင်ဖို့အတွက် အလုပ်နေရာပေါင်း ၁၄၀၀ ကျော်ကို ခေါ်ယူခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ Porsche အနေနဲ့ သူတို့ရဲ့ လျှပ်စစ်ပြိုင်ကားအမျိုးအစား တစ်မျိုးဖြစ်တဲ့ Mission E ကိုပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အမေရိကန်ရဲ့ Tesla Model S ကိုယှဉ်ပြိုင်ဖို့အတွက် တည်ဆောက်ပြုလုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းကလည်း Porsche ဟာ အလုပ်အကိုင်ပေါင်း ၁၀၀၀ကျော်ခေါ်ယူခဲ့ဖူးပြီး ယခုအခါ ၁၄၀၀ ကျော်ထပ်မံမြှင့်တင်ခေါ်ယူခဲ့တာလည်း ဖြစ်လို့ သူတို့ရဲ့ လျှပ်စစ်ကားတွေအပေါ် ဘယ်လောက်ဦးတည်နေတယ်ဆိုတာ သိသာစေခဲ့တာဖြစ်ပါတယ်။

“သင့်အနေနဲ့ ဒီဂျစ်တယ်ပြောင်းလဲမှုတွေမလုပ်ရင် သင်ကျရှုံးမှာပါပဲ” လို့ Porsche ရဲ့ အလုပ်သမားရေးရာ ဥက္ကဌ Uwe Hueck က Reuters ကိုပြောပါတယ်။ ဒီအလုပ်အကိုင် ၁၄၀၀ဟာ လာမယ့် ၂၀၁၉ခုနှစ်မှာ ထုတ်လုပ်မယ့် Zuffenhausen အတွက် ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ကုန်ထုတ်လုပ်မှုကို ပိုမိုမြှင့်တင်ဖို့ ဆန္ဒရှိပြီး တစ်နှစ်ကို ယူနစ် ၁၀၀၀၀ ဖိုးလောက်ထိ ရောင်းချလိုနေတာဖြစ်တယ်လို့ သိရပါတယ်။

Credit : knowledge.thithtoolwin.com/


29 Jul 2016     1,270 Views




RELATED

Most Popular of International News

Most Popular of NEWS