BEC-TERO TV

၁၇ ရာစု ဆွီဒင်သင်္ဘောပျက်အတွင်းမှ ရှေးဟောင်းဒိန်ခဲများ အကောင်းပတိ ဆယ်ယူရရှိ

29 Jul 2016     1,465 Views


ဘော်လတစ်ပင်လယ်တွင်း ၁၇ ရာစုနှစ်က နစ်မြုပ်ခဲ့သော ဆွီဒင် စစ်သင်္ဘောပျက်တစ်စီးအတွင်းသို့ ဆင်း၍ ရေငုပ်ရှာဖွေခဲ့ကြသော ရေ ငုပ်သမားများမှာ သင်္ဘောပျက်နှင့် အတူရှိနေသည့်စိန်များ တွေ့ရှိမည် ဟု မျှော်လင့်ခဲ့သော်လည်း ရှေးဟောင်း ဒိန်ခဲများကိုသာ ရှာဖွေတွေ့ရှိခဲ့ရ သည်။ ၁၆၇၆ ခုနှစ်က ဆွီဒင်ကမ်း လွန်ပင်လယ်ပြင်၌ နစ်မြုပ်သွားခဲ့ရ သော ခရိုနန်စစ်သင်္ဘောအတွင်း စိန် သေတ္တာများပါ နစ်မြုပ်နေ၍ တွေ့ရှိ ရမည်ဟု မျှော်လင့်ကာ ရေငန်ဖြင့် ဆွေးမြည့်နေသော သင်္ဘောသစ်သား များအား ချိုးဖျက်ဝင်ရောက်ခဲ့ရာတွင် ရေလုံအိုးတစ်လုံးအတွင်း နှစ်ပေါင်း ၃၄၀ ကြာ နစ်မြုပ်နေခဲ့သော ဒိန်ခဲ များသာ တွေ့ရှိခဲ့ရသည်ဟု အဖွဲ့ ခေါင်းဆောင် လားစ်အီနာဆင်က အေအက်ဖ်ပီသတင်းဌာနသို့ ဇူလိုင် ၂၈ ရက်က ထုတ်ဖော်ပြောကြား လိုက်သည်။

" Roquefort အကောင်း စား ဒိန်ခဲတွေပါပဲ။ အခုထိ အနံ့က မွှေးတုန်း" ဟု ၎င်းကပြောကြားလိုက် သည်။ ဆယ်ယူရရှိထားသော ရှေး ဟောင်းဒိန်ခဲများကို ဆွီဒင်တက္က သိုလ်စိုက်ပျိုးရေး သိပ္ပံဌာနသို့ စစ်ဆေး စမ်းသပ်နိုင်ရန် ပေးပို့လိုက်ပြီဖြစ် သည်။ ခရိုနန်စစ်သင်္ဘောသည် ၁၆၇၆ ခုနှစ် ဇွန် ၁ ရက်က ဆွီဒင်နိုင်ငံအ ရှေ့တောင် အူလန်ကျွန်းအနီးတွင် ဒိန်းမတ်-ဒတ်ခ်ျရေတပ်စစ်သင်္ဘော များနှင့် တိုက်ပွဲဖြစ်ကာ ရေတပ်သား ၄၀ နှင့်အတူ ပေါက်ကွဲနစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ သင်္ဘောပျက်အား ၁၉၈၀ ပြည့် နှစ်က ရေတပ်ရှေးဟောင်းသုတေ သီ အင်ဒါးစ်ဖရန်စင်က တွေ့ရှိခဲ့ ခြင်းဖြစ်သည်။ ၎င်းင်းသည် ၁၆၂၈ ခု နှစ်က ပထမဆုံး ခရီးစဉ်တွင်ပင် စတော့ဟုမ်းဆိပ်ကမ်း၌ နစ်မြုပ်သွား ခဲ့သော Vasa စစ်သင်္ဘောအား ရှာ ဖွေတွေ့ရှိခဲ့သူဖြစ်ပြီး Vasa သင်္ဘော ပျက်မှ ဆယ်ယူရရှိခဲ့သော သစ်သား များဖြင့် အသုံးပြုကာ ယခုအခါ စတော့ ဟုမ်းမြို့တွင် ရေကြောင်းပြတိုက် တစ်ခုအဖြစ် တည်ဆောက်ခဲ့ပြီးဖြစ် သည်။

ယခုတွေ့ရှိသော ခရိုနန်စစ် သင်္ဘောသည် မီးတောင်ပေါက်ကွဲ ခဲ့မှုကြောင့် ၈၀ ရာခိုင်နှုန်းပျက်စီး နေ၍ ၎င်းင်းအစိတ်အပိုင်းများအား ရေပေါ်သို့ရောက်ရန် ခဲယဉ်းစွာ ဆောင်ရွက်ရဦးမည်ဖြစ်သည်။ သင်္ဘောပျက်အတွင်းမှ ကြေး အမြောက်၊ ပန်းကန်ခွက်ယောက် များ၊ ရေကြောင်းလမ်းပြသုံးကိရိယာ များ၊ ဂျာမနီလုပ် ထရမ်းပက်လေ မှုတ်တူရိယာ၊ စိန်နှင့် ရွှေဒင်္ဂါးပြား အနည်းငယ်တို့ကို ဒိန်ခဲများနှင့်အ တူ အမျိုးအစားပေါင်း ၂၀၀၀ ခန့် ဆယ်ယူရရှိခဲ့သည်။

Credit : mayoneyinponepyinmat/


29 Jul 2016     1,465 Views




RELATED

Most Popular of International News

Most Popular of NEWS