BEC-TERO TV

Drakeရဲ့ ၁၅ပတ်ကြာ ကြီးစိုးမှုကို နေရာယူလိုက်တဲ့ Justion bieber

01 Aug 2016     1,255 Views


ရက်ပ်အဆိုတော် Drake ရဲ့ “ One Dance”တေးသီချင်း ဟာ ဗြိတိန်တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ထိပ်ဆုံးမှ သီတင်းပတ် ၁၅ပတ်ကြာ ရပ်တည်မှုသည် အဆုံးသတ်ခဲ့ပြီး ကနေဒါအဆိုတော် Justion bieber ရဲ့ “ Cold Water” တေးသီချင်းဟာ ယခုအခါ ဇယားထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

Bieber “ Cold Water” တေးသီချင်းသည် Major Lazer တေးဂီတအဖွဲ့ နှင့် MØတို့ ပူးပေါင်းသီဆိုထားပြီး ကြည့်ရှုနားဆင်သူ ၅ဒသမ ၅၆ သန်း နှင့် ဒေါင်းလုတ်ပြုလုပ်မှု ၄၇၀၀၀ အပါအ၀င် တေးသီချင်းရောင်းချမှု ၁၀၂ ၀၀၀ ဖြင့် နံပါတ်တစ်နေရာကို ရယူထားသည်။ Drake ဟာ ၁၉၉၁ ခုနှစ်က ဘရိုင်ရယ်အဒမ်၏ တေးသီချင်း “ ( Everything I Do) I Do It For You” တေးသီချင်း ဗြိတိန် တေးဂီတဇယားတွင် နံပါတ် တစ်နေရာမှ သီတင်းပတ် ၁၆ပတ်ကြာ ရပ်တည်ခဲ့သည့် စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းမရှိပေ။

“ One Dance” တေးသီချင်းသည် ယခုသီတင်းပတ်တွင် ဇယား၏ နံပါတ် ၅ နေရာသို့ရောက်ရှိခဲ့ကြောင်း နှင့် နံပါတ် ၂ နေရာတွင် ဂျိုနက်စ်ဘလူး နှင့် ဂျေပီကော့ပါးတို့နှစ်ဦးသီဆိုထားသော “ Perfect Strangers” တေးသီချင်းက ရပ်တည်နေသည်။ နံပါတ် ၃ နေရာတွင် ကာလမ်စကော့၏ “ Dancing On My Own” တေးသီချင်းက ရပ်တည်နေပြီး နံပါတ် ၄ နေရာတွင် The Chainsmokers နှစ်ယောက်တွဲအဆိုတော်အဖွဲ့၏ “ Don’t Let Me Down” တေးသီချင်းက ရပ်တည်နေသည်။

Credit:Mizzima


01 Aug 2016     1,255 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment