BEC-TERO TV

မိန်းမသုံးယောက် ယူထားပြီး မိန်းမတိုင်းက ရင်သားထိပ်မှာ ခင်ပွန်းသည်ရဲ. ပုံကိုတက်တူးထိုး

01 Aug 2016     1,898 Views


Lord of the Wives ရယ်လို့ တင်စားခေါ်ဝေါ်ခြင်း ခံနေရတဲ့ ဒီအမျိုးသားဟာ အမျိုးသမီးသုံးဦးကို တစ်ပြိုင်တည်းပေါင်းသင်းနေသူပါ ။ သူကတော့ အသက် ၃၂ နှစ်ရှိပြီဖြစ်ကာ နာမည်ကတော့ Paulie ပါ တဲ့ ။ သူ့ရဲ. ပထမဦးဆုံးဇနီးသည်ကတော့ အသက် ၃၁ နှစ်အရွယ် Vanessa Hussle ဖြစ်ပြီး လပ်ထက်ပြီး သုံးနှစ်အကြာမှာ သူမရဲ. ခင်ပွန်းသည်က အခြားအမျိုးသမီး နှစ်ယောက်နဲ့ ဖောက်ပြန်နေကြောင်း သိလိုက်ရပြီး ၊ သူမတုန်လှုပ်ခဲ့ရပါတယ် ။ ဒါပေမယ့်လည်း သူမက ခင်ပွန်းသည်ကို ချစ်လွန်းပြီး မစွန့်လွှတ်နိုင်တာမို့ ခင်ပွန်းသည်ဖောက်နြပ်နေတဲ့ အမျိုးသမီးနှစ်ဦးကိုလည်း အိမ်ပေါ်ခေါ်တင်ပြီး ပေါင်းသင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ လက်ရှိမှာတော့ ဇနီးသည်သုံးဦးလုံးဟာ အတူတကွ ချစ်တင်းနှောတာမျိုးတွေ ရှိသလို ၊ တစ်ယောက်ချင်း သီးသန့်တွေလည်း ရှိပါတယ် ။

ဒါ့အပြင် ဇနီးသည်သုံးဦးလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ညီအစ်မတွေလို တည့်နေကြပြီး ၊ အပြင်သွားလည်း အတူတူ ချက်ပြုတ်စားသောက်လည်း အတူတူနဲ့ စည်းစည်းလုံးလုံး ရှိနေကြတာကိုလည်း အံ့အားသင့်ဖွယ် တွေ့ရှိရပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး ၊ သူမတို့သုံးဦးလုံးရဲ. ရင်နှစ်မွှာကြားမှာလည်း ခင်ပွန်းသည်ရဲ. ပုံတူကို တက်တူးထိုးထားကြပါသေးတယ် ။ ဇနီးမောင်နှံတွေ အကုန်လုံးလည်း တစ်စုတစ်စည်းတည်း အတူတကွ အပြင်ကို ထွက်လည်တာမျိုးတွေလည်း လုပ်ကြပြီး လူတွေကတော့ သူတို့ကို အလွန်ပဲ အံ့သြနေကြပါတယ်။

Credit : buzz.myanmarportal.net/


01 Aug 2016     1,898 Views




RELATED

Most Popular of International News

Most Popular of NEWS