BEC-TERO TV

ပါရာဂွေးအကျဉ်းထောင်ထဲက ဇိမ်ခံအကျဉ်းခန်း

01 Aug 2016     1,626 Views


ပါရာဂွေးရဲတပ်ဖွဲ့ဟာ တာကမ်ဘူအကျဉ်းထောင်ထဲက မူးယစ်ရာဇာတစ်ဦးရဲ့ အကျဉ်းခန်းကို ဝင်ရောက်စီးနင်းရာမှာ တကယ့် ဇိမ်ကျလှတဲ့ နေထိုင်မှုကို မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ အခန်း ၃ခန်းပါတဲ့ အဆိုပါ အကျဉ်းခန်းထဲမှာ အစည်းအဝေးခန်းတစ်ခန်း၊ ပလာစမာဖန်သားပြင် တီဗီ၊ စာကြည့်တိုက်ခန်း နဲ့ မီးဖိုချောင်တို့ကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ တစ်ခန်းလုံးကို လေအေးပေးစက်ဖွင့်ထားပြီး ဇိမ်ခံပရိဘောကတွေ၊ အဆင့်မြင့် ရေချိုးခန်းတစ်ခန်းတို့ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ငွေကြေးခဝါချမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ ဘရာဇီးမူးယစ်ရာဇာ ပါဗာအိုဟာ အကျဉ်းထောင်နံရံကို ဖောက်ခွဲထွက်ပြေးဖို့ ဖောက်ခွဲရေးပစ္စည်းတွေပါ အသင့်ထားရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလို ဇိမ်ခံအကျဉ်းခန်းဖြစ်အောင် တာဝန်ရှိသူတွေ ဘယ်လိုပါဝင်နေသလဲဆိုတာ စုံစမ်းစစ်ဆေးနေဆဲပဲလို့ သိရပါတယ်။ အခုတော့ ပါဗာအိုကို သူ့ဇိမ်ခံအခန်းနဲ့ဝေးရာ အထူးဆောင်တစ်ဆောင်ကို ရွှေ့ပြောင်းထားပါတယ်။

Credit : mayoneyinponepyinmat/


01 Aug 2016     1,626 Views




RELATED

Most Popular of International News

Most Popular of NEWS