BEC-TERO TV

လွဲသွားတဲ့ ချစ်သူတွေ

01 Aug 2016     1,226 Views


ဒတ်ခ်ျနိုင်ငံသား အလက်ဇန်းဒါး အသက်(၄၁)နှစ်ရဲ့  ရီးစားပူမိ ပြီး အသဲကွဲ သွား တဲ့ ဖြစ်ရပ်ကို တရုတ်နိုင်ငံ သတင်းမီဒီယာတွေမှာ ဖေါ်ပြနေတာတွေ့ ရပါတယ်။ အလက်ဇန်းဒါး ဟာ တရုတ်နိုင်ငံသူ "ကျန် "Zhang ဆိုတဲ့ ကောင်မလေးနဲ့  အွန်လိုင်းကနေ ချစ်ကြိုက်နေခဲ့ပြီး မိန်းခလေးရှိတဲ့ တရုတ်နိုင်ငံကို အလက်ဇန်းဒါး အရောက် လာခဲ့ပါတယ်။ နိုင်ငံခြားသားတွေမှာ စပရိုက် လုပ်တာရှိတယ်လေ ရုတ်တရက်အံ့သြ သွားအောင် လေဆိပ်ရောက်မှ ဖုန်းဆက်ပြီး လာကြိုခိုင်းတော့ မိန်းခလေး ကဖုန်း ပိတ်ထားပြီးဆက်သွယ်လို့ မရတော့..အလက်ဇန်းဒါးတယောက် တပါတ်ကျော် မစားနိုင် မသောက်နိုင် နဲ့  လေဆိပ်မှာစောင့်နေရင်း အားပြတ်ပြီးလဲသွားလို့ ဆေးရုံတင်ခဲ့ရပါတယ်။

လက်တွန်းလှည်းနဲ့  လာရင်းနိုင်ငံကို ပြန်သွားခဲ့ရတဲ့ အလက်ဇန်းရဲ့ ရဲ့ အဖြစ်က တရုတ်နိုင်ငံအတွင်း ကျယ်ပြန့် သွားတော့ အချစ် ကိုပျော်စရာလို ကစားတဲ့ "ကျန် "ဆိုသူ မိန်းခလေးကို မီဒီယာတွေ က တွေ့ အောင်လိုက်ရှာခဲ့ကြပါတယ်။နောက်ဆုံးတော့ "ကျန် "ကို မျက်နှာခွဲ စိတ်ပြုပြင်ပေးနေတဲ့ ဆေးခန်းတစ်ခုမှာတွေ့ သွားပါပြီ၊ သူရောက် လာ တဲ့အချိန် နဲ့ မျက်နှာခွဲစိတ်ပြုပြင်နေလို့  ဖုန်းပိတ်ထားတဲ့ ရက် နဲ့  တိုက်ဆိုင်သွားတာကြောင့် ပါ လို့  "ကျန်"ကသတင်းထောက်တွေ ကိုပြောခဲ့ပါ တယ်။

Credit : mayoneyinponepyinmat/


01 Aug 2016     1,226 Views




RELATED

Most Popular of Special or Others

Most Popular of NEWS