BEC-TERO TV

ကြောက်မက်ဖွယ်ရေစီးထဲ ကားနှင့်အတူ မျောပါခဲ့သည့် အမျိုးသမီးကို လူချင်းချိတ်ဆက် ကယ်တင်

01 Aug 2016     1,349 Views


အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ချိန် ကြောက်မက်ဖွယ် ရေစီးကြောင်းထဲမှာ ကားနဲ့အတူ မျောပါခဲ့တဲ့ အမျိုးသမီးတဦးကို အနီးနား ကယ်ဆယ်ရေးသမားတစုက လက်ချင်းချိတ်ဆက်ပြီး ကယ်တင်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ မေရီလဲန်းပြည်နယ်၊ အယ်လီကော့တ်မြို့မှာ ဖြစ်ခဲ့တာလို့ စကိုင်းနယူးစ်မှာ ဖော်ပြပါတယ်။ အမျိုးသား ၄ ဦးလောက်ဟာ သူတို့ရဲ့လက်တွေကို ချိန်းကြိုးသဖွယ် ချိတ်ဆက်ပြီး ရေစီးကြမ်းထဲက ကားတွင်းမှာ ပိတ်မိနေသူ အမျိုးသမီးကို ဆွဲထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။ တဝေါဝေါအသံတွေနဲ့ ကြောက်စရာရေစီးထဲမှာ မျောပါတော့မယ့်ဆဲဆဲ ကားပေါ်မှ အမျိုးသမီးဟာ ကားပြတင်းပေါက်မှတဆင့် ထွက်ခဲ့ကာ သူတို့အုပ်စုဆီ ချိတ်ဆက်နိုင်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ရေထဲမှ အစွန်ဆုံးအမျိုးသားက အမျိုးသမီးကို ပွေ့ချီပြီး လက်ချင်းချိတ်ကာ အောင်အောင်မြင်မြင် ကယ်တင်နိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ကယ်တင်ခဲ့ကြသူတွေကို ချီးကျူးနေကြတာပါ။ ကာလာဒူပရီးအမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးကတော့ “တကယ့်ကို မယုံနိုင်စရာပါပဲ။ သူရဲကောင်းအစစ်တွေပါ” လို့ မှတ်ချက်ရေးခဲ့ပါတယ်။ ကမ်မက်ကလင်နာဟန် အမည်နဲ့ အသုံးပြုသူတဦးကတော့ “သူ့အနေနဲ့ သူတို့အုပ်စုနဲ့ တွေ့ပြီး ကယ်တင်ခံလိုက်ရတာဟာ ကံကောင်းတာပါပဲ” လို့ ရေးခဲ့ပါတယ်။ ဒါပေမယ့် ဒီရေကြီးရေလျှံမှုမှာ သူ့လိုတော့ တခြားသူတွေဟာ ကံမကောင်းနိုင်ခဲ့ပါဘူး။ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက အမျိုးသမီးတဦးရဲ့ အလောင်းကို ပါတက်ပ်စကိုမြစ်ထဲမှာ တွေ့ရှိခဲ့ရပါတယ်။

Credit : burmese.dvb.no/


01 Aug 2016     1,349 Views




RELATED

Most Popular of International News

Most Popular of NEWS