မိန့်ခွန်းပြောတဲ့သမ္မတဟောင်းကိုမြင်ရဖို့ ဓာတ်တိုင်ပေါ်တက်သူဓာတ်လိုက်သေဆုံး
02 Aug 2016 1,687 Views
ဘရာဇီးသမ္မတဟောင်းမိန့်ခွန်း ပြောတာကို ရှင်းရှင်းလင်းလင်း မြင်ရကြားရဖို့ Pylon ဓာတ်တိုင်ပေါ်ကို တက်ရောက်ခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ ဓာတ်လိုက်ပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။
ပထမ သူရောက်နေတဲ့ နေရာမှာတင် သမ္မတဟောင်းရဲ့မိန့်ခွန်းပြောပုံတွေကို ကောင်းကောင်း မြင်နိုင်/ကြားနိုင်ပေမယ့် အဲဒီ အမည်မသိရသေးတဲ့ လူဟာ ဓာတ် တိုင်င်အပေါ်ထိ ဆက်လက် တက်ရောက်ခဲ့ပါတယ်။အခင်းဖြစ်တဲ့နေရာကတော့ ဘရားဇီးနိုင်ငံ၊ Sergipe ပြည်နယ်မြောက်ပိုင်း၊ Aracaju မြို့လေးမှာ ဖြစ်ပါတယ်။
သူဟာ ဓာတ်တိုင်ပေါ်ကို ခက်ခက်ခဲခဲ တက်သွားပြီး၊ ချက်ချင်းဆိုသလိုပဲ မီးလုံးကြီး တက်လာကာ အဲဒီလူဓာတ်လိုက်ခံရပါတယ်။ နီးစပ်တဲ့သူတွေက သူ့ကို ဆေးရုံပို့ပေးဖို့ စီစဉ်ခဲ့ပေမယ့် သူဟာ သေဆုံးနေပြီ ဖြစ်ပါတယ်။ ဒေသခံရဲတပ်ဖွဲ့ကတော့ ဓာတ်လိုက်ခံရသူဟာ အသက် (15-20) အရွယ်လောက်လို့ ခန့်မှန်းနေပါတယ်။

Credit:Shwemom








