BEC-TERO TV

သြစတြေးလျတွင် ကြောက်မက်ဖွယ် တွင်းနက်ကြီး ရုတ်တရက်ထွက်ပေါ်

03 Aug 2016     1,259 Views


သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းပြည်နယ်တွင်းမှ လူနေအိမ်တအိမ်ရဲ့ အနောက်ဘက်ခြံထဲမှာ ရေတွေ လှည့်လည်စီးဆင်းနေတဲ့ ကြောက်မက်ဖွယ် တွင်းနက်ကြီးတတွင်း ထွက်ပေါ်ခဲ့ပါတယ်။ အိုက်ပ်ဝစ်ခ်ျမြို့မှာ အိမ်ပိုင်ရှင် ရေးမက်ကေးစ်နေထိုင်တဲ့ ခြံရဲ့အနောက်ဘက်မှာ သြဂုတ် ၂ ရက် မနက် ၉ နာရီလောက်မှာ တွင်းနက်ကြီး ရုတ်တရက် ဖြစ်ပေါ်ခဲ့ကာ ရှေးတုန်းကလုပ်ခဲ့တဲ့ သတ္တုမိုင်းတွင်းတွေနဲ့ လုပ်ငန်းအစီအစဉ်တွေအပေါ် ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်ရတော့မယ်လို့ သြစတြေးလျအခြေစိုက် အေဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အိမ်နီးချင်းတဦးက သူတို့ကို လာရောက်သတိပေးခဲ့ကြတာဖြစ်ပြီး အဆိုပါ တွင်းနက်ကြီးဟာ အချင်း ၈ မီတာလောက်ထိ ပိုမိုကျယ်ပြန့်လာခဲ့တယ်လို့ ဆိုပါတယ်။ ရေးမက်ကေးစ်နဲ့ ဇနီးဖြစ်သူတို့ဟာ အငြိမ်းစားတွေဖြစ်ကြပြီး အဲဒီနေ့ကတော့ နောက်ကျတဲ့အထိ အိပ်နေခဲ့ကြတာလို့ ဆိုပါတယ်။

Credit : burmese.dvb.no/


03 Aug 2016     1,259 Views




RELATED

Most Popular of International News

Most Popular of NEWS