ဘီကီနီနှင့် ဒေါက်ဖိနပ်ဝတ်ဆင်လာပြီး ဆီဖြည့်ရတဲ့ ဓာတ်ဆီဆိုင်
03 Aug 2016 1,631 Views

ရုရှားနိုင်ငံ Oblast ဒေသရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် ရဲ့ အရောင်းမြှင့်တင်ရေးပုံစံဟာ နာမည်ကြီးလာခဲ့ပါတယ် ။ ဒေါက်ဖိနပ်အမြင့်ကြီးနှင့်ဘီကီနီဝတ်လာသည့် မည်သူကိုမဆို ဆီအလကား ဖြည့်ပေးခဲ့သောကြောင့်ဖြစ်သည်။
.jpg)
ဇူလိုင်လ ၂၁ရက် နေ့တွင်ပြုလုပ်ခဲ့ ပြီး အရောင်းမြှင့်တင်ရေးအစီအစဉ်မှာ သုံးနာရီကြာမြင့်ခဲ့ ပြီး လှလှပပနှင့် ဘီကီနီဝတ်ဆင်ထားသော အမျိုးသမီးများအားလုံး ကိုယ်တိုင်ဝင်ရောက်ကာ အခမဲ့ဆီဖြည့်နိုင်ခဲ့ကြသည်။အများစုက အရောင်းမြှင့်တင်ရေး အစီအစဉ် ဟာ အမျိုးသမီးများကို နှိမ့်ချဆက်ဆံလိုက်ခြင်းဖြစ်သည်ဟု ဆိုခဲ့ကြသော်လည်း ဒေသခံမီဒီယာများက Olvi ဓာတ်ဆီဆိုင်တွင် လာရောက်ဆီဖြည့်သော ဘီကီနီနှင့် အမျိုးသမီးများမှာ တန်းစီနေခဲ့ ပြီး အထူးစည်ကားခဲ့သည်ဟု ဆိုကြသည်။
အမျိုးသမီးများသာမက အခမဲ့ဆီဖြည့်ခွင့် ရရန် အမျိုးသားများကလည်း စည်းမျဉ်း များအတိုင်း ဒေါက်ဖိနပ်စီးကာ ဘီကီနီများနှင့် ရောက်ရှိလာခဲ့ကြပြီး ဒေါက်ဖိနပ်များနှင့်မြင်ရသည်မှာ သက်သောင့်သက်သာ မရှိခဲ့ဟု သိရပါတယ် ။
.jpg)
Credit:ပြည်မြန်မာ








